စားသောက်ဆိုင်မှာ မကြာခဏ စားဖြစ်ကြသူတွေအတွက် နည်းလမ်းကောင်းပါပဲနော်။ တရုတ်စာ၊ ဂျပန်စာ၊ အီတလီ စာ စသဖြင့် မိမိကြိုက်နှစ်သက်တဲ့ အစားအစာတွေကို အပြင်မှာ ထွက်စားဖြစ်နေသူတွေအတွက် စနစ်တကျ ဘယ်လိုစားမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အိမ်မှာလည်း အသုံးဝင်ပြီး စာဖတ်သူတို့အတွက် အမြဲတမ်း အသုံးဝင်နေမယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်နော်။

ပဲငံပြာရည်

ပဲငံပြာရည် (သို့) ဆော့လ် တစ်ခုခုကို ပန်းကန်ထဲမှာ အပြည့်မထည့်သင့်ပါဘူး။ တစ်ဝက်လောက်ပဲထည့်သင့်ပါတယ်။

ဂျင်း

ဂျပန်စာစားတဲ့အခါမှာ ဂျင်းကို ဒီလိုစားပါ။

Wasabi

Wasabi ကို ဂျပန်စာစားဖြစ်တဲ့သူတွေသိကြမှာပါနော်။ ဓါးနဲ့ တင်ပြီးမစားဘဲ တူနဲ့တင်ပြီးစားပါ။

Sashimi ငါး

Sashimi ကို ခရင်းနဲ့မစားဘဲ တူနဲ့စားပါ။

Sushi

Sushi စားတဲ့အခါမှာ ငံပြာရည်ထဲကို အကုန်လုံးနစ်လိုက်တာမျိုးမဟုတ်ဘဲ တူနဲ့ ချီကာ ငံပြာရည်ကို နည်းနည်းပဲ တို့ပြီး စားပေးပါ။

ရေညှိလိပ်

ရေညှိလိပ်စားတဲ့အခါမှာ ဇွန်းမသုံးဘဲ တူသုံးပါ။ ပဲငံပြာရေးကို နည်းနည်းပဲ တို့စားပေးပါ။

ပါစတာ

ပါစတာခေါက်းဆွဲကိုတော့ ခရင်း (သို့) ဇွန်း ကိုသုံးပြီး စားပါ။

ကာချာပူရီ

ပူရီစားတဲ့အခါမှာ လက်နဲ့ နည်းနည်းချင်း ဖဲ့စားပါ။

ဘာဂါ

စားသောက်ဆိုင်မှာ စားတဲ့အခါ စနစ်တကျ ဘယ်လိုစားသင့်သလဲ

ဘာဂါစားတဲ့အခါ အထဲက အစားအစာတွေ မထွက်အောင် သတိထားပြီးစားပါ။ တစ်ခုလုံးကို ကိုင်စားတာမဟုတ်ဘဲ တစ်ခြမ်းခြမ်းလိုက်ပြီး စားပေးပါ။