ပါဝင်ပစ္စည်းများ
- ငါး
- ကုလားပဲ
- စပါးလင်
- ငံပြာရည်
- ငရုတ်သီး အပွခြေက် ၃ တောင့်
- ထန်းလျက်ညို ၂ ခဲ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- ငရုတ်သီး အရောင်တင်မှုန့်
- နနွင်းမှုန့်
- ဆန်လှော်မှုန့်
- ငရုတ်ကောင်း မှုန့်
- ဆီ
ပြုလုပ်နည်း
ကုလားပဲ ပြုတ်သည့် အခါ ဆီ ၊ နနွင်းမု့န့် ၊ ဂျင်း ထောင်းပြီး ထည့်ပါ။ ဆား လုံးဝ မထည့်ရပါ။ ပဲနူးသည့် အခါတွင် ဆား ထည့်ပါ။ ပဲနံ့ မရတော့ပါ။ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်။
ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများ ထောင်းပြီး အိုး၏ အောက်မှာ ထားပြီး ငါးကို တင်ပါ။ ငံပြာရည် ၊ ငရုတ်သီးအပွခြေက် ၃တောင့် ၊ ထန်းလျက်ညို ၂ ခဲ ထည့်ကာ ပြုတ်ပါ။
ငါးများ နူးလာရင် ဆယ်၍ အအေးခံ ပါ ။ ငါးပြုတ်ရည်ကို စကာနှင့် စစ်ပြီး ပြန်တည် ထားပါ။
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းကာ ဆီသတ် ငရုတ်သီး အရောင်တင်မှုန့် ၊ နနွင်းမှုန့် ထည့်ကာ အနံမွေးလာရင် ငါးပြုတ်နွှင် ထားတာထည့်လိုက်ပါ။ ငါးဆီသတ်ရင် ခြေက်မသွားစေရပါ။ ငါးကြော်လိုလည်း မဖြစ်စေရပါ ။ အရောင် ညီလာလျှင် ငါးဆီသတ်ထဲသို့ ငါးပြုတ်ရေ အနည်းငယ် ထည့်ရမယ်။
ငါးမွှေ အိအိလေးဖြစ်ပါစေ အဲတာက အဓိက ပြီးရင် ငါးဆီသတ် ထားတာကို ငါးပြုတ်ရေအိုးထဲသို့ထည့်ပေးလိုက်ပါ။ ဟင်းရည် ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲ ဖျော်ထည့်ပေးပါ။
ကြန်သွန်နီဥ ၊ ငရုတ်ကောင်းမှုန့် ခတ်ပေးပါက အရသာ ရှိလွန်းသော ဟင်္သာတ မုန့်ဟင်းခါးကို မိသားစု ပျော်ရွင်စွာ သုံးဆောင်နိုင်ကြပါစေ။
Credit: NanNan Granary