ထမင်း စားမဝင်တဲ့အချိန်မျိုး နေမကောင်းဖျားနာတဲ့အချိန်မျိုးမှာ ခွန်အားများ ပြန်လည်ဖြည့်တင်းပေးမယ့် အကောင်းဆုံးဓာတ်စာကတော့ ဆန်ပြုတ်ပဲဖြစ်ပါတယ်။

ဆန်ပြုတ်ကြိုက်နှစ်သက်သူတွေအတွက်ရော အကြောင်းအမျိုးမျိုးကြောင့် ထမင်းမစားနိုင်ဘဲ ဆန်ပြုတ်စားနေရတဲ့သူတွေအတွက် အရသာရှိပြီး အာဟာရပြည့်ဝစေတဲ့ ရွှေဖရုံသီးဆန်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး အလုံးသေး ၁ လုံး
  • ကောက်ညှင်းဆန် နို့ဆီဘူး ၁ လုံး (တစ်နာရီခန့် ရေစိမ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးကို သုံးစိပ်၊ လေးစိပ်ခန့် စိပ်ထားပါ။ အထဲကအစေ့များကို ဖယ်ရှားပါ။ ထို့နောက် အိုးအကြီးတစ်လုံးထဲထည့်ပါ။ ရေ ၆ ခွက် ထည့်ပြီးနောက် မီးပြင်းပြင်းဖြင့် ၂၅ မိနစ်၊ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ရွှေဖရုံသီးများ နူး မနူးကို ခက်ရင်းဖြင့် ထိုးဆွကြည့်ပါ။ နူးသွားပြီဆိုရင်တော့ ရေများကို ဖယ်ရှားပြီး အအေးခံထားလိုက်ပါ။

၂။ ရွှေဖရုံသီးများ အေးသွားပြီဆိုရင်တော့ ဇွန်းဖြင့် အသာလေး ကလော်လိုက်ပါ။

၃။ ရရှိလာတဲ့ ရွှေဖရုံသီးအသီးများကို အိုးထဲပြန်ထည့်ကာ ခက်ရင်းဖြင့် ချေမွပစ်လိုက်ပါ။

၄။ ထို့နောက် သစ်သီးဖျော်စက်ထဲသို့ ကောက်ညှင်းဆန်ကို ရေ ၂၅၀ မီလီလီတာဖြင့် သမအောင် မွှေဖျော်ပေးလိုက်ပါ။

၅။ ရရှလာတဲ့ ကော်ညှင်းဆန်နှင့် အရည်များကို ရွှေဖရုံသီးအိုးထဲသို့ ပေါင်းထည့်ပါ။ ရေ ၇၅၀ မီလီလီတာထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် အဖုံးအုပ်ပြီး မီးပြင်းပြင်းဖြင့် အရည်များပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။

အရည်ပျစ်သွားတဲ့အခါမှာတော့ မီးအေးအေးဖြင့် နောက်ထပ် မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။ ဆား၊ သကြားတို့ထည့်ကာ အရသာအပေါ့အငန်မြည်းပြီး ၃ မိနစ်၊ ၄ မိနစ်ခန့်တည်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီးဆန်ပြုတ်လေး ရရှိသွားပါပြီ။ ပြုတ်ပြီးသား ပဲနီလေး၊ ပဲကတ္တီပါ (သို့) မိမိကြိုက်နှစ်သက်ရာ ပဲတစ်မျိုးမျိုးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source: Koreanbapsang.com