အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ အလွယ်တကူကြော်လှော်နိုင်မယ့် ကြက်သားအချိုကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Safebee.com

  • ကြက်သား ၅၀၀ ဂရမ် (အနေတော်အတုံးများ တုံးထားပါ)
  • ကြက်သွန်နီအသေး ၅ လုံး (နုတ်နုတ်စင်းထားပါ)
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ထောပတ် ၁၀၀ ဂရမ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက်ခန့်
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး ကြက်သားကို အနေတော်အတုံးများ တုံးထားပြီး နနွင်းမှုန့်နဲ့ ပဲငံပြာရည်ကို တစ်ခါတည်း ပြင်ဆင်ထားပါ။

ထို့နောက် ပဲငံပြာရည်ကို ကြက်သားပေါ် လောင်းချလိုက်ပါ။

နနွင်းမှုန့် ထပ်ပေါင်းထည့်ပါ။

ဆန်မှုန့်ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

သေချာနယ်ပြီးတဲ့နောက်မှာတော့ အနယ်အနှစ်များ အသားထဲသို့စိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၃၀ ခန့် ထားထားပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီကျက်လာတဲ့အထိစောင့်ပါ။

ကြက်သားများရွှေညိုရောင်ပြောင်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။

ကြော်ထားသောကြက်သာများကို ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ထောပတ်ကို အရည်ပျော်အောင်ပြုလုပ်ပါ။

နုတ်နုတ်စင်းထားသော ကြက်သွန်များထည့်ပြီး ထည့်ကြော်ပေးပါ။

သကြားထည့်ပြီး ဆက်မွှေပေးလိုက်ပါ။ အနံ့မွှေးလိုပါက ပျဉ်းတော်သိမ်အရွက်လေးထည့်ကြော်ပေးနိုင်ပါတယ်။

ဆားအနည်းငယ် ထပ်ထည့်ပြီး စောစောကကြော်ထားသော ကြက်သားများကို ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

ကြော်ပြီးနောက်မှာတော့ ပန်းကန်ပြားလေးထဲထည့်ပြီး မိမိစိတ်ကြိုက်အလှဆင်ကာ ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်တို့နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com