အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ထမင်းနဲ့ တွဲစားရင်လည်း အရသာရှိသလို နန်းကြီးသုပ် (သို့) ခေါက်ဆွဲသုပ် သုပ်စားတဲ့အခါမှာလည်း ရောသုပ်နိုင်တဲ့ အမဲသားဆော့စ် ပြုလုပ်နည်းကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး တစ်လုံး၏ သုံးပုံ တစ်ပုံ (အရှည်လိုက် ပါးပါးလှီးထားပါ)
  • အမဲသား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၂ ဥ (အန်စာတုံးငယ် ပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • မှိုခြောက် ၂ ပွင့် (ရေစိမ်ပြီးနောက် ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲပိစပ်အနှစ်၊ ဟင်းချက်ဝိုင်၊ ရေနှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေထားလိုကပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက မှို၊ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကြက်သွန်နီက ပျော့အိသွားပါက အမဲသားထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် အဆင့် (၁)က ရောမွှေထားသော ဆော့စ်များကို အမဲသားပေါ် လောင်းထည့်ပြီးနောက် ဆော့စ်များ ဆူပွက်လာသည်အထိ မီးအေးအေးဖြင့် တည်ထားလိုက်ပါ။ ဆော့စ်များ ဆူပွက်လာဖို့ဆိုရင် ၂ မိနစ်၊ ၃ မိနစ်လောက်တော့ ကြာပါလိမ့်မယ်။

၅။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ အမဲသားဆော့စ်လေး ရရှိသွားပါပြီ။

ထိုအမဲသားဆော့စ်ကို ထမင်းနဲ့ တွဲစားရင်လည်း လိုက်ဖက်သလို နန်းကြီးသုပ် စားတဲ့အခါမှာလည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: Spicetheplate.com