မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ ငှက်ပျော်ကြော်ကို ပုံမှန်စားနေကျအရသာတွေထဲက ကွဲထွက်သွားအောင်ကြော်စားလို့ရမယ့် နည်းလမ်းကောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။

ငှက်ပျောကြော်ကို အိမ်မှာကြော်စားလည်း ဒီအရသာပဲ၊ ဆိုင်မှာဝယ်စားလည်း ဒီအရသာပဲဆိုတော့ ရိုးနေပါပြီ။ ဒါကြောင့် ငှက်ပျော်ကြော်ကို တမူထူးခြားတဲ့အရသာလေးရအောင် ကြော်စားကြည့်ဖို့ အကြံပြုပါတယ်။

ပထမဆုံးအနေနဲ့ ငှက်ပျောသီးအမှည့် ၂ လုံးကို ထိပ်ပိုင်းတွေလှီးထုတ်ပြီး အခွံခွာပါ။ အခွံခွာပြီးရင်တော့ ၄ ပိုင်းလှီးဖြတ်ပေးပါ။

Source: www.youtube.com

ဒုတိယတစ်ဆင့်အနေနဲ့ ပန်းကန်တစ်ခုထဲကို ဆန်မှုန့် – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ၊ သကြား – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ အုန်းသီးအမှုန့်လေးတွေကို ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာ ထည့်ပေးပါ။ နှမ်းစေ့ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာနဲ့ ရေသန့် – ခွက်တစ်ဝက်စာထထည့်ပြီး ခက်ရင်းနဲ့ သမအောင်မွှေပေးပါ။

Source: www.youtube.com

အားလုံးကိုသမအောင်မွှေပြီးသွားရင်တော့ တတိယအဆင့်အနေနဲ့ ဆီအိုးတည်ထားလိုက်ပါ။ ဆီဆူလာတဲ့အခါမှာတော့ လှီးထားတဲ့ငှက်ပျောသီးတွေကို ခုနကမွှေထားတဲ့ပန်းကန်ထဲ ထည့်စိမ်ပေးပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လိုက်ပါ။

Source: www.youtube.com

နောက်ဆုံးအဆင့်အနေနဲ့ ဆီအိုးထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: www.youtube.com