[Unicode]

ချိစ်ရေခဲမုန့်ဆိုရင်တော့ စားလိုက်တာနဲ့ ချိုချိုစိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ကောင်းတာကို သိပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း ချိစ်ရေခဲမုန့်ဆိုရင် မကြိုက်တဲ့သူက ခပ်ရှားရှားပါပဲ။ ဒီတော့ ချိစ်ရေခဲမုန့်ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး လုပ်ရတာလည်း လွယ်ကူစေမယ့် ချိစ်ရေခဲမုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ချိစ်ရေခဲမုန့်ကောင်းကောင်းလေး စတင်ပြုလုပ်ဖို့အတွက် ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး All Purpose Cream – ခွက်တစ်ခွက်စာထည့်ပါ။ လတ်ဆတ်တဲ့နွားနို့ – ခွက်တစ်ဝက်စာနဲ့ ကျိုပြီးသားနွားနို့ – တစ်ခွက်ခွဲစာတို့ကို ထည့်ပါ။ သကြား – တစ်ခွက်ခွဲစာနဲ့ ကြက်ဥ – တစ်လုံးကိုထည့်ပြီး သကြားတွေပျော်သွားတဲ့အထိ မွှေပေးပါ။

သေချာမွှေပြီးပြီဆိုရင်တော့ ပန်းကန်လုံးထဲပြောင်းထည့်ပြီး ချိစ်အသေးလေးတွေဖြစ်တဲ့ Chedder Cheese – ၁၂၅ ဂရမ်ကိုထည့်ပြီး မွှေပါ။ ပြီးရင်တော့ လုံအောင်ဖုံးပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီလောက် ထည့်ထားပေးပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ မွှေစက်နဲ့ ၁၅ မိနစ်လောက်မွှေပေးပါ။ မွှေပြီးသွားတာနဲ့ ဗူး (သို့) အလူမီနီယမ်ခွက်လေးထဲကိုထည့်ပေးပါ။ ပြီးတာနဲ့ ပလတ်စတစ်အဖတ်လေးနဲ့ အုပ်ပြီး ရေခဲသေတ္တာထဲမှာ ၂ နာရီလောက်ထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိပြီး ချိုစိမ့်နေတဲ့ ချိစ်ရေခဲမုန့်လေးကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com

[Zawgyi]

ခ်ိစ္ေရခဲမုန္႔ဆိုရင္ေတာ့ စားလိုက္တာနဲ႔ ခ်ိဳခ်ိဳစိမ့္စိမ့္ေလးနဲ႔ အရမ္းစားလို႔ေကာင္းတာကို သိၿပီးသားျဖစ္မွာပါ။ ဒါေၾကာင့္လည္း ခ်ိစ္ေရခဲမုန္႔ဆိုရင္ မႀကိဳက္တဲ့သူက ခပ္ရွားရွားပါပဲ။ ဒီေတာ့ ခ်ိစ္ေရခဲမုန္႔ႀကိဳက္တဲ့သူေတြအတြက္ အရသာရွိၿပီး လုပ္ရတာလည္း လြယ္ကူေစမယ့္ ခ်ိစ္ေရခဲမုန္႔ လုပ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

ခ်ိစ္ေရခဲမုန္႔ေကာင္းေကာင္းေလး စတင္ျပဳလုပ္ဖို႔အတြက္ ဒယ္အိုးတစ္လံုးကို မီးဖိုေပၚတင္ၿပီး All Purpose Cream – ခြက္တစ္ခြက္စာထည့္ပါ။ လတ္ဆတ္တဲ့ႏြားႏို႔ – ခြက္တစ္ဝက္စာနဲ႔ က်ိဳၿပီးသားႏြားႏို႔ – တစ္ခြက္ခဲြစာတို႔ကို ထည့္ပါ။ သၾကား – တစ္ခြက္ခဲြစာနဲ႔ ၾကက္ဥ – တစ္လံုးကိုထည့္ၿပီး သၾကားေတြေပ်ာ္သြားတဲ့အထိ ေမႊေပးပါ။

ေသခ်ာေမႊၿပီးၿပီဆိုရင္ေတာ့ ပန္းကန္လံုးထဲေျပာင္းထည့္ၿပီး ခ်ိစ္အေသးေလးေတြျဖစ္တဲ့ Chedder Cheese – ၁၂၅ ဂရမ္ကိုထည့္ၿပီး ေမႊပါ။ ၿပီးရင္ေတာ့ လံုေအာင္ဖံုးၿပီး ေရခဲေသတၱာထဲမွာ ၃ နာရီေလာက္ ထည့္ထားေပးပါ။

ေရခဲေသတၱာထဲကထုတ္တာနဲ႔ ေမႊစက္နဲ႔ ၁၅ မိနစ္ေလာက္ေမႊေပးပါ။ ေမႊၿပီးသြားတာနဲ႔ ဗူး (သို႔) အလူမီနီယမ္ခြက္ေလးထဲကိုထည့္ေပးပါ။ ၿပီးတာနဲ႔ ပလတ္စတစ္အဖတ္ေလးနဲ႔ အုပ္ၿပီး ေရခဲေသတၱာထဲမွာ ၂ နာရီေလာက္ထည့္ထားလိုက္ပါ။

ေရခဲေသတၱာထဲကထုတ္တာနဲ႔ ပန္းကန္ထဲထည့္ၿပီး စားသံုးႏိုင္ပါၿပီ။ ဒါဆိုရင္ေတာ့ အရသာရွိၿပီး ခ်ိဳစိမ့္ေနတဲ့ ခ်ိစ္ေရခဲမုန္႔ေလးကို ရရွိသြားပါၿပီ။

Photo Source: www.yummyph.com