အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်အရသာလေး ပျော်ဝင်နေတဲ့ ကြက်သားပြားကြော် ကြော်နည်းလေးကို MyFood Myanmar ရဲ့ အစားအသောက်ချစ်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • Cheddar ချိစ်နှင့် Parmesan ချိစ် အနည်းငယ် (အချောင်းလိုက် ခြစ်ချထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သား၊ ကြက်ဥ ၂ လုံး၊ ဂျုံမှုန့်၊ ချိစ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူအမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ပါ။

၂။ ထို့နောက် ရေခဲမုန့်ခပ်သော ဇွန်း အသုံးပြုပြီး ကြက်သားများကို လက်ဖဝါးလေးထဲသို့ တင်ကာ လုံးလိုက်ပါ။ ထို့နောက် ပြားသွားအောင် ခပ်ဖွဖွလေး ဖိပါ။

ကြက်သားအရောအနှောများ အားလုံး ကုန်သွားသည်အထိ ကြက်သားပြားများ ပြုလုပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားပြားများ ထည့်ကြော်လိုက်ပါ။ ကြက်သား တစ်ဖက်ခြမ်းက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်လိုက်ပါ။

ကြက်သားပြားတစ်ခု ကြော်ချိန်စုစုပေါင်း ၅ မိနစ်၊ ၆ မိနစ်ခန့် ကြာပါလိမ့်မယ်။

၄။ ရရှိလာတဲ့ ကြက်သားပြားများကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်များ ဖြူးထည့်ကာ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ ကြက်သားပြားကြော်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com