အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆီချွမ်ဟင်းခတ်အမွှေးအကြိုင်နဲ့ ကြက်သားကိုအခြောက်စပ်လေး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ဘယ်လိုမျိုးချက်ရမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ကြက်သားရင်အုံသား ၂၀ ကျပ်သားခန့်
  • ဆား (အရသာရှိအောင်ထည့်ပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီချွမ် ငရုတ်ကောင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဂျုံမှုန့် ခွက် ၂ / ၃ ပုံ
  • ကြက်ဥ ၂ လုံး
  • မှုန့်ကြွပ်မွှမွှလေး ၁ ခွက်ခွဲ
  • ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့် အနည်းငယ်
  • ဆီ (ကြော်ရန်)

ပြုလုပ်နည်း

ကြက်သားလေးတွေကို အတုံးအကြီးလေးတွေ လှီးပေးလိုက်ပါ။ပြီးရင်တော့ ငရုတ်ကောင်းမှုန့်နဲ့ ဆားထည့်ပြီးနယ်ပေးလိုက်ပါ။

အိုးတစ်လုံးထဲမှာ ဆီချွမ်ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့်အနည်းငယ်တို့ကို လှော်ပေးလိုက်ပါ။ ပြီးရင်တော့ ထောင်းပေးလိုက်ပါ။

ပြီးရင်တော့ ဆားလေးနည်းနည်းထည့်လိုက်ပြီး ထောင်းပေးလိုက်ပါ။

ခွက်ထဲမှာ ဂျုံမှုန့်၊ ကြက်ဥနဲ့ ရေစားပွဲတင်ဇွန်း ၂ ဇွန်းကိုပြင်ဆင်ထားလိုက်ပါ။

ပြီးရင်တော့ မုန့်ကြွပ်ရယ်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီးရောပေးလိုက်ပါ။

ပြီးရင်တော့ ကြက်သားကို အရင်ဆုံး ဂျုံမှုန့်နဲ့ရောလိုက်ပြီး ကြက်ဥထဲနှစ်လိုက်ပါ။ ပြီးရင်တော့ မှုန့်ကြွပ်မှုန့်နဲ့ရောလိုက်ပါ။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး ကြက်သားကိုကြော်ပေးလိုက်ပါ။

ကြက်သားရပြီဆိုရင်တော့ စောစောက ထောင်းထားတဲ့ ဆီချွမ်ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့်ထောင်းတို့ကို အပေါ်ကနေ ဖြူးပေးလိုက်ပြီး နည်းနည်းလေးထပ်လျှော်ပေးလိုက်ပါ။

အဲဒီနောက် သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar