အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း စားရတာ ရိုးအီနေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပျားရည် ထည့်ကြော်ထားတဲ့ ကြက်သားအချိုကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် ပန်းကန်လုံးတစ်လုံးစာ (စားပွဲတင်ဇွန်း ၁၆ ဇွန်းခန့်)
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် လေးပုံတစ်ပုံ
  • ကြက်သွန်ဖြူ ၃ မြွှာ

  • ကြက်ပေါင်သား အလေးချိန် ၁ ပေါင်
  • ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်းနှင့် ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆန်ဝိုင်၊ ပဲငံပြာရည်၊ ပျားရည်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ကြက်သားတုံးကို လက်မဝက် ပတ်လည် အတုံး တုံးထားပါ။ ဒယ်အိုးထဲသို့ ကြက်သားထည့်ကြော်လိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သားထဲ ထည့်ကြော်လိုက်ပါ။

၃။ စောစောက ရောမွှေထားသော ပဲငံပြာရည်များကို ကြက်သားအိုးထဲ လောင်းချကာ ဆက်ကြော်ပေးရပါမယ်။

၄။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

စားသုံးခါနီးကျမှ ကြက်သွန်မြိတ်များ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့မွှေးပြီး စားချင်စဖွယ် အပြည့်ရှိတဲ့ ပျားရည် ကြက်သားအချိုကြော်လေးကို ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: willcookforsmiles.com