အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတာနဲ့ အချိုတည်းလေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိပြီး အချိန်တိုအတွင်း ပြုလုပ်နိုင်တဲ့ ချောကလက်ပူတင်း အချိုပွဲ ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးမကပ်သော ဒယ်အိုးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ကိုးကိုးမှုန့်၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ထိုဒယ်အိုးထဲသို့ နွားနီု့ လောင်းထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ ထို့နောက် အဆက်မပြတ် မွှေပေးကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၃။ ဆူပွက်လာတဲ့နောက်မှာတော့ နောက်ထပ် တစ်မိနစ်တိတိ ထပ်တည်ပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် ထောပတ်နှင့် ဗနီလာတို့ထည့်ကာ ထောပတ်များ အရည်ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ချောကလက်အနှစ်များကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံး (သို့) ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ဖန်ခွက်များကို ပလစ်စတစ်ဖြင့် လုံအောင် အုပ်ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်ထည်ကာ အအေးခံထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့နောက်မှာတော့ ပလပ်စတစ်များကို ဖယ်ရှားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချောကလက်ပူတင်းလေးများ ရရှိသွားပါပြီ။

ပူတင်းထဲသို့ ချောကလက်အမှုန်လေးများနဲ့ ခရင်မ်များ ထည့်ပြီး အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Jocooks.com