အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချောကလက်ချစ်သူတို့အတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ချောကလက်ပူတင်း အချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နွားနို့ ၁ လီတာ (စားပွဲတင်ဇွန်း ၆၄ ဇွန်းခန့်)

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီးနောက် သကြား၊ ကိုးကိုးမှုန့်၊ ပြောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ထို့နောက် နွားနို့ကို ဖြည်းညှင်းစွာ လောင်းထည့်ပြီး မွှေပေးလိုက်ပါ။

၃။ အလယ်အလတ်မီးအပူချိန်ဖြင့် ၂ မိနစ်ခန့် အပူပေးရပါမယ်။ ချောကလက်ရည်များက ပုံပါအတိုင်း ပျစ်ပျစ်လေးဖြစ်သွားအောင် ကျိုပေးလိုက်ပါ။ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချပေးလိုက်လို့ရပါပြီ။

၄။ ထို့နောက် အိုးထဲသို့ ထောပတ်နှင့် Vanilla တို့ထည့်ကာ ထောပတ်များ ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ပြီးရင်တော့ ပန်းကန်လုံး (သို့) ဖန်ခွက်တွေထဲ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ၂ နာရီလောက် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချောကလက်ပူတင်းလေး ရရှိသွားပါပြီ။ စားခါနီးကျမှ ခရင်မ်တို့ ချောကလက်ခဲလေးတွေ ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Tasteofhome.com