အုန်းသီးကွတ်ကီးဆိုရင်တော့ အပြင်မှာလည်း သိပ်ပြီးရောင်းတာမတွေ့ရပါဘူး။ ဒါကြောင့် အုန်းသီးကွတ်ကီးကို အိမ်မှာလုပ်စားနိုင်မယ့် နည်းလမ်းကိုမျှဝေပေးလိုက်ပါတယ်။ အုန်းသီးကွတ်ကီးဆိုတော့ ကလေးတွေလည်းကြိုက်သလို လူကြီးတွေလည်း အချိုတည်းလို့ရပါတယ်။

အုန်းသီးကွတ်ကီးပြုလုပ်ဖို့အတွက် ပန်းကန်လုံးအကြီးထဲကို ကြက်ဥအကာ – ၃ လုံးဖောက်ထည့်ပြီး သကြား – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ကာ မွှေစက်နဲ့ ပုံမှာပြထားတဲ့အတိုင်းဖြစ်သွားအောင် မွှေပေးပါ။

ပြီးတာနဲ့ ခြစ်ထားပြီးသား အုန်းသီးအမှုန့် – ခွက် ၃ ခွက်စာထည့်ပါ။ ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်ပြီးမွှေပါ။ သေချာမွှေပြီးသွားရင်တော့ နို့ဆီ – ခွက်တစ်ဝက်စာထည့်ပါ။ Vanilla Extract – လက်ဖက်ရည်ဇွန်းရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ Almond Extract – အနည်းငယ်၊ ဆား – အနည်းငယ်နဲ့ ခုနကမွှေထားတဲ့ ကြက်ဥအကာတွေကို ထည့်နယ်ပါ။

သေချာနယ်ပြီးတာနဲ့ ဇွန်းနဲ့ပဲဖြစ်ဖြစ်၊ လက်နဲ့ပဲဖြစ်ဖြစ် ယူလုံးပြီး ဗန်းတစ်ခုထဲ တန်းစီထည့်ပါ။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၂၅ မိနစ်လောက် ထည့်ထားလိုက်ပါ။ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ အုန်းသီးကွတ်ကီးကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com