ရေခဲမုန့်ကြိုက်နှစ်သက်သူများအတွက် ပါဝင်ပစ္စည်း လေးမျိုးတည်း ရှိရုံနဲ့ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ အုန်းနို့ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အုန်းနို့ ၄၃၀ မီလီလီတာ
- ပျားရည် ၁၂၅ မီလီလီတာ
- ပင်လယ်ဆား
- Vanilla Extract စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အုန်းနို့၊ Vanilla Extract ပျားရည်နှင့် ပင်လယ်ဆားတို့ကို ဖျော်စက်ထဲထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။
၂။ ရရှိလာတဲ့ အုန်းနို့အနှစ်ကို ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်ကာ အအေးခံထားလိုက်ပါ။
၃။ အအေးခံထားပြီးသော ရေခဲမုန့်ကို လေလုံဘူးထဲပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အုန့်နို့ရေခဲမုန့်လေး ရရှိသွားပါပြီ။
မိမိနှစ်သက်တဲ့အချိန်မှာ မိမိကြိုက်နှစ်သက်သလောက်ကို စိတ်ကြိုက်စားသုံးနိုင်ပါတယ်။
ပြုလုပ်နည်းလေးကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် အလုပ်ရှုပ်မခံနိုင်တဲ့ အိမ်ရှင်မတွေအတွက် အချိန်တိုအတွင်း ပြုလုပ်နိုင်တဲ့ သွားရေစာရေခဲမုန့်လေးပဲဖြစ်ပါတယ်။
Source: Getinspiredeveryday.com