ဝမ်းချုပ်ခြင်း၊ အစာမကြေဖြစ်လို့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ လေထိုးလေအောင့်ခြင်း စတဲ့ ဝေဒနာများ ခံစားရခြင်းက အစာအိမ် အားနည်းခြင်း၊ အူလမ်းကြောင်း မသန့်ရှင်းခြင်း စတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။

ဒါ့ကြောင့် အူလမ်းကြောင်းကို သန့်စင်ပေးပြီး အစာအိမ်ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးမယ့် သစ်သီးဖျော်ရည်တစ်ခွက်ကို နေ့စဉ်မှန်မှန် သောက်သုံးပေးလိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ပန်းသီးဖျော်ရည်စစ်စစ် ၁၂၅ မီလီလီတာ
  • သံပုယိုရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ဂျင်းဖျော်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေသန့်သန့် ၁၂၅ မီလီလီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေကို အိုးတစ်လုံးထဲထည့်ပြီး တည်ပေးလိုက်ပါ။ ဆူပွက်လာသည်အထိ မတည်ရပါဘူး။ နွေးနွေးလေးဖြစ်လာပြီဆိုရင် မီးပိတ်လိုက်ပါ။

၂။ ရရှိလာတဲ့ ရေနွေးကို ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ပြီးရင် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး မွှေပေးလိုက်ပါ။

၃။ ပန်းသီးဖျော်ရည်၊ ဂျင်းဖျော်ရည်နှင့် သံပုယိုရည်တို့ကို ဖန်ခွက်ထဲထည့်ပြီး သမအောင် ထည့်မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို မနက်စာ မစားရသေးခင် အိပ်ရာနိုးနိုးချင်းမှာ တစ်ခါ၊ နေ့လည်စာ မစားခင်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သောက်သုံးပေးလိုက်ပါ။

တစ်နေ့ကို နှစ်ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင်တော့ ဝမ်းမှန်ပြီး အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

Source: Draxe.com