အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အမဲသားနဲ့ အမျှင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် B6 တို့ ကြွယ်ဝစွာပါဝင်တဲ့ အာလူးရဲ့ အာဟာရဓာတ်တို့ကို အရယူနိုင်ဖို့အတွက် အရသာရှိတဲ့ အမဲသား အာလူးကြော်လေး ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (ပြုတ်ထားပါ)
  • အာလူး ၁ ပေါင်ခန့် (အတုံးငယ်များ တုံးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အတုံးငယ်များ တုံးထားပြီးနောက် အိုးထဲထည့်လိုက်ပါ။ ရေနှင့် ဆားအနည်းငယ်တို့ ထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်လိုက်ပါ။

၂။ အာလူးပြုတ်နေချိန်မှာ အမဲသားတုံးများကို လက်မဝက် အရွယ်အစားခန့် တုံးထားလိုက်ပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုလည်း ပါးပါးလှီးထားလိုက်ပါ။

၃။ အာလူးများ ပြုတ်ပြီးပါက အအေးခံထားလိုက်ပါ။ ထို့နောက် အာလူးများကို အမဲသားတုံးနှင့် အရွယ်အစားတူညီအောင် တုံးထားလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ အမဲသား၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၄။ ထို့နောက် ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ပြီး သမအောင် ထပ်နယ်လိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်လိုက်ပါ။ ဆီပူလာပါက နယ်ထားသော အမဲသား အားလူးများကို ၁၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၆။ ၁၅ မိနစ်ပြည့်ပါက အာလူးနှင့် အမဲသားများ နူး မနူး မြည်းကြည့်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးနိုင်ပါပြီ။

သူ့ချည်းပဲ စားချင်တယ်ဆိုရင်တော့ ကြက်ဥ Half-Fried တစ်လုံးထပ်ပေါင်းထည့်ကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Source: Thespruceeats.com