မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ သရေစာလုပ်စားချင်ရင်ပဲဖြစ်ဖြစ်၊ ဘီယာလေးသောက်ရင်းနဲ့ အမြည်းကောင်းကောင်းလုပ်စားချင်ရင်ပဲဖြစ်ဖြစ် အလွယ်တကူနဲ့ အရသာရှိတာလေးလုပ်စားလို့ရအောင် Chicken Balls ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စလုပ်ဖို့အတွက် blender ထဲကို အရိုးမပါတဲ့ကြက်သား အသားချည်းပဲ ၁၀၀ ဂရမ်ထည့်ပါ။ နံနံပင် အနည်းငယ်ထည့်ပါ။ ငရုပ်သီးစိမ်းအကြီး ၂ တောင့်ထည့်ပါ။ ဂျင်းအမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဆား – အနည်းငယ်တို့ကို ထည့်ပြီး ကြိတ်ပါမယ်။

ကြိတ်ပြီးရင် ပန်းကန်ထဲပြောင်းထည့်ထားပါ။ ပေါင်မုန့် ၂ ချပ်ကို ဘေးသားတွေ ညှပ်ထုတ်ပြီး အလယ်အသားကိုပဲ ရေစိမ်ပါ။ ရေစိမ်ပြီး ရေညှစ်ချပါ။ ပြီးရင်တော့ ကြိတ်ထားတဲ့ ကြက်သားပန်းကန်ထဲထည့်ကာ သမအောင်နယ်ပါမယ်။

နယ်ပြီးရင် လက်နှစ်ဖက်ကို ဆီသုတ်ပြီး အလုံးလေးတွေဖြစ်အောင် လုံးပါမယ်။ လုံးပြီးရင် ရေနွေးငွေ့နဲ့ပေါင်းပါမယ်။ ပေါင်ပြီးမှသာ ဆီအိုးထဲထည့်ကာ ကြော်ရပါမယ်။

ကြော်ပြီးသွားရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားနိုင်ပါပြီ။ သရေစာမုန့်အဖြစ်၊ အမြည်းအဖြစ်နဲ့မစားချင်ရင်လည်း ထမင်းဖြူလေးကို ဆီနဲ့ဆားလေးနဲ့နယ်ပြီး Chicken Balls လေးနဲ့ စားလို့ရပါသေးတယ်နော်။

Source: www.toasted.com