French Toast ကြိုက်တဲ့သူတွေအတွက် အပြင်ကနေဝယ်မစားပဲ အိမ်မှာပဲ အရသာရှိအောင် ကိုယ်တိုင်အလွယ်တကူလုပ်စားလို့ရအောင် French Toast ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးထဲကို ကြက်ဥ – ၂ လုံး ဖောက်ထည့်ပါ။ ဆား – အနည်းငယ်၊ သကြား – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်မွှေပါ။ နွားနို့ – ခွက်တစ်ဝက်စာ ထည့်မွှေပါ။ cinnamon powder – အနည်းငယ်ထည့်မွှေပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

ပေါင်မုန့် ၂ ချပ်ကိုပူးပြီး ခုနကမွှေထားတဲ့ ကြက်ဥပန်းကန်ထဲ ထည့်နှစ်ပါ။ ပြီးရင်တော့ ဆီအိုးထဲ ထည့်ကြော်ပါ။

ကြော်ပြီးရင် ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ powder sugar လေးတွေ ဖြူးပေးပါ။

ပြီးရင် ကိုယ်နှစ်သက်ရာအသီးလေးတွေတင်ပြီး ပျားရည်လေးဆမ်းပြီး စားသုံးနိုင်ပါပြီ။

Source: www.tiffinbox