ဝက်သားဆိုရင်တော့ ကြိုက်တဲ့သူများမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပိတ်ရက်တွေမှာ လုပ်စားလို့ရအောင် ဝက်သားဖက်ထုပ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ထုပ်ထဲမှာ ဝက်သားကိုအစာသွပ်ပြီး ပြုလုပ်ထားတာဖြစ်လို့ လုပ်ရတာလည်း လွယ်ကူပါတယ်။

ပထမဆုံးအနေနဲ့ ဝက်သားဖတ်ထုပ်ပြုလုပ်ဖို့ ဂေါ်ဖီကို ပါးပါးသေးသေးလေးတွေလှီးပြီး ပန်းကန်လုံးတစ်လုံးစာ ထည့်ပေးပါ။ ပြီးရင်တော့ ဆား – စားပွဲတင်ဇွန်း လေးပုံ ပုံ တစ်ပုံစာထည့်နယ်ပါ။ နယ်ပြီးတာနဲ့ ရေစင်သွားအောင် အရည်ညှစ်ချပေးပါ။

နုတ်နုတ်ဆင်းထားတဲ့ ဝက်သား – ၁၁၀ ဂရမ်ကို ပန်းကန်လုံးထဲထည့်ပါ။ ပြီးရင်တော့ ခုနကဂေါ်ဖီတွေကို ထည့်ပေးပါ။ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း တစ်ဇွန်းကိုထည့်ပါ။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ပဲဆီ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲကိုလည်း ထည့်နယ်ပါ။ ကြက်ဥတစ်လုံးကိုထည့်ပြီးတော့လည်း ထပ်နယ်ပေးပါ။

ဖတ်ထုပ်လုပ်တဲ့ အဝိုင်းပြားလေးတွေကိုယူပြီး နယ်ထားတဲ့ ဝက်သားတွေကိုထည့်ကာ ဖတ်ထုပ်လုပ်ပေးရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း သပ်သပ်ရပ်ရပ်လေးလုပ်ပေးဖို့လည်း လိုပါတယ်။

ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး ဖတ်ထုပ်ထည့်ပါ။ ပြီးတာနဲ့ ရေ – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပြီး အဖုံးပိတ်ကာ ၈ မိနစ်လောက် တည်ထားပေးရပါမယ်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ဖတ်ထုပ်တွေကို ပန်းကန်ထဲထည့်လိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ဝက်သားအစာသွပ်ထားတဲ့ ဝက်သားဖတ်ထုပ်ကို ရရှိသွားပါပြီ။ ပရိသတ်တွေအားလုံး သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Photo Source: www.yummyph.com