Chocolate ချစ်သူတွေအတွက် Hot Chocolate ကို အိမ်မှာ အလွယ်တကူလုပ်နိုင်မယ့်နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။

အပူဒဏ်ခံနိုင်တဲ့ ပန်းကန်လုံး (သို့) အိုးထဲကို သကြားညို – ၂၀ ဂရမ်ထည့်ပါ။ Cocoa Powder – ၇ ဂရမ်ထည့်ပါ။ ရေ – ၂၅ မီလီလီတာ ထည့်ပါ။ ပြီးရင် ကြက်ဥမွှေတဲ့ဟာနဲ့ မွှေပါ။ အားလုံးပျော်သွားတဲ့အထိမွှေပြီးရင် မီးဖိုပေါ်တင်ပြီး မွှေနေပေးပါ။

အငွေ့ထွက်ပြီးနည်းနည်းပျစ်လာပြီဆိုရင် Dark Chocolate – ၆၀ ဂရမ်ထည့်မွှေပါ။ လုံးဝပျစ်သွားပြီဆိုရင် မီးဖိုပေါ်ကချပြီး နွားနို့အပူ – ၃၅၀ မီလီလီတာ ထည့်မွှေပါ။ ခဏမွှေပြီးရင် မီးဖိုပေါ်တင်ပြီး ဆက်မွှေနေပါ။

နည်းနည်းအငွေ့ထွက်လာပြီဆိုရင် ကိုယ်သောက်မယ့်ပန်းကန်ထဲ ထည့်ပါ။ အပြည့်မထည့်ပဲ လက်နှစ်လုံးစာလောက် ချန်ထားပါ။

နွားနို့အပူနည်းနည်းကို ပျစ်ပျစ်လေးဖြစ်သွားအောင် မွှေပေးပါ။ ပျစ်သွားပြီဆိုရင် Hot Chocolate ထည့်ထားတဲ့ပန်းကန်ထဲကို အပေါ်ယံလေးသေချာတင်ပေးပါ။ Marshmallow လေးတွေပါ အပေါ်ကနေ ထပ်တင်ပေးပါ။ ပြီးရင် Chocolate Sauce လေးဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ ဆိုင်ဖျော်အတိုင်းပဲ အရသာရှိပြီး သောက်ချင်စရာလေးဖြစ်နေတဲ့ Hot Chocolate လုပ်နည်းလေး ပြီးသွားပါပြီ။

Source: www.hase.com