ကိုယ့်အိမ်မှာ Blender ရှိတယ်ဆိုရင်တော့ ရေခဲမုန့်တွေကို လွယ်လွယ်ကူကူလုပ်စားလို့ရပါတယ်။ ရေခဲမုန့်တွေထဲမှာ ကီဝီသီးရေခဲမုန့်က နည်းနည်းရှားတဲ့အတွက် ကိုယ်တိုင်လုပ်စားလို့ရအောင် ကီဝီသီးရေခဲမုန့် အလွယ်လုပ်နည်းကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်တာဆိုတော့ ကလေးတွေလည်း လုပ်ကျွေးလို့ရတယ်။ ချောင်းဆိုးမှာလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။

လုပ်ရမယ့်ပုံစံကတော့ ကီဝီသီး – ၈ လုံး (သို့) ၁၀ လုံးကို အခွံခွာပြီး Blender ထဲထည့်ပါ။ သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင်တော့ မွှေလိုက်ပါ။

မွှေပြီးရင် သံဘူး (သို့) ရေခဲမုန့်လုပ်တဲ့ Pan ထဲကို ထည့်ပါ။ အပေါ်ကနေ ဆီစုပ်စက္ကူလေးတင်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၈ နာရီကြာအောင် ထည့်ထားပါ။

အချိန်ပြည့်ရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ သဘာဝကီဝီသီးရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.soyummy