သရက်သီးတွေရှိတုန်း သရက်သီးယိုကို အိမ်မှာလွယ်လွယ်ကူကူပြုလုပ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အိမ်မှာ သရက်သီးယိုတစ်ဘူးလောက် လုပ်ထားမယ်ဆိုရင်တော့ မနက်စာအတွက်လည်း ပေါင်မုန့်လေးနဲ့ အလွယ်တကူစားသွားလို့ရတာပေါ့။

သရက်သီးယိုပြုလုပ်ဖို့ မီးဖိုပေါ်ကို အိုးတစ်လုံးတင်ပြီး လှီးထားတဲ့ သရက်သီးအမှည့် – ပန်းကန်လုံးအကြီးတစ်လုံးစာကို ထည့်လိုက်ပါ။ Lemon Juice – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သကြား – ခွက်တစ်ဝက်စာကို ထည့်ပြီးချေပေးပါ။

သရက်သီးတွေ ကျေသွားတဲ့အထိ မွှေပေးနေရပါမယ်။ သရက်သီးတွေကျေပြီး ပွက်ပွက်ဆူလာပြီဆိုရင်တော့ အပြင်မှာ ခဏအအေးခံထားပြီး အေးလောက်ပြီဆိုမှ ပုလင်းတစ်လုံးထဲကို ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲကိုထည့်ထားပြီး စားခါနီးမှ ရေခဲသေတ္တာထဲက ထုတ်စားပါ။

ဒါဆိုရင်တော့ အိမ်မှာပဲလွယ်လွယ်ကူကူပြုလုပ်ထားတဲ့ သရက်သီးယိုကို ရရှိသွားပါပြီ။