ဝက်သား ၊ အသီးအရွက်တွေနဲ့လိပ်ပြီး ကြွပ်နေအောင်ကြော်ထားတဲ့ Chinese Egg Rolls လေးက အာရှစတိုင်လ် သရေစာတစ်မျိုးပါ။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ 2 လက်ဖက်ရည်ဇွန်း
- ဝက်သား ၃/၄ ပေါင်
- အရသာအတွက် ဆား နှင့် ငရုတ်ကောင်း
- ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Coleslaw Mix ၃ ခွက်
- လှီးထားတဲ့ ကြက်သွန်နီ ၁/၄ ခွက်
- ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Egg Roll Wrappers ၁ ထုပ်
- ကြက်ဥ ၁ လုံး မွှေထားပါ
- ဆီ ( ကြော်ဖို့ )
ပြုလုပ်ပုံအဆင့်ဆင့်
ဒယ်အိုးကြီးတစ်လုံးထဲမှာ ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အလယ်အလတ်အပူချိန်နဲ့ အပူပေးပါ။ ဝက်သား၊ ဆား၊ ငရုတ်ကောင်းတို့ ထည့်ပြီး ညိုလာတဲ့အထိပြုတ်ပါ။ ညိုလာပြီဆို ကြက်သွန်ဖြူ နဲ့ ဂျင်း ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်ပြုတ်ပါ။
Coleslaw Mix နဲ့ ကြက်သွန်နီထည့်ပြီး ဂေါ်ဖီနူးတဲ့အထိ ၃-၄ မိနစ် လောက်ချက်ပါ။ ပဲငံပြာရည်နဲ့ နှမ်းဆီထည့်ပြီး ခနဖယ်ထားပါ။ မွှေထားတဲ့ ကြက်ဥအကာကို Egg Roll Wrappers ပေါ်သုတ်ပြီး အစာကိုထည့်ပါ။ လိပ်ပြီးရင် မွှေထားတဲ့ ကြက်ဥအနှစ်ကို အနားသားတွေကပ်ဖို့သုံးပါ။
ဇောက်နက်တဲ့အိုးထဲ ဆီထည့်ပြီး ဆီကို 350 ဒီဂရီ အပူပေးပါ။ အညိုရောင်သန်းလာတဲ့အထိ ၃-၅ မိနစ်ခန့် ကြော်ပါ။ ကျက်သွားပြီဆိုရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။