အားလုံးပဲ မင်္ဂလာပါ။ နေ့ခင်းနေ့လည် ဗိုက်ဆာတဲ့အခါပဲဖြစ်ဖြစ်၊ သာယာလှပတဲ့မနက်ခင်းလေးမှာ မနက်စာအဖြစ် လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တွဲဖက်စားသုံးနိုင်တဲ့ ဝက်သားကော်ပြန့်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီထုပ် ၁၀၀ ဂရမ် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁၀၀ ဂရမ် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ပဲပင်ပေါက် ၁၀၀ ဂရမ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၆၀ မီလီလီတာ

  • ဝက်သား ၄၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကော်ပြန့်လိပ်ရန် ဂျုံပြား ၁၆ ပြားခန့်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆီ တစ်လီတာနှင့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို သကြား စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ပြောင်းမှုန့် စားပွဲတင်ဖွန်း တစ်ဇွန်းကို ရေ ၆၀ မီလီလီတာဖြင့် ရောနှောကာ သမအောင် မွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ထို့နောက် ဝက်သားထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးတာနဲ့ ပန်းကန်ပြားထဲပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးထဲသို့ နောက်ထပ် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ဂေါ်ဖီ၊ မုန်လာဥနီနှင့် ပဲပင်ပေါက်တို့ထည့်ပြီး ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ စောစောကကြော်ထားသော ဝက်သားကြော်ကို ဒယ်အိုးထဲပြန်ထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့်ရည်လောင်းထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကော်ပြန့်အတွက် လိုအပ်တဲ့အစာသွပ်လေး ရရှိသွားပါပြီ။

၆။ ထိုအစာသွပ်ကို ဂျုံပြားထဲထည့်ပြီးနောက် ကော်ပြန့်လိပ်ဖြစ်သွားအောင် လိပ်ပေးလိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးပြီး ဆီ ၁ လီတာထည့်ပါ။ ဆီပူလာပါက ကော်ပြန့်လိပ်များထည့်ပြီး ရွှေညိုရောပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၈။ ကော်ပြန့်ကြော်မှထွက်တဲ့ ဆီများကို စစ်ထုပ်ဖို့အတွက် ဆီစုပ်စက္ကူပေါ် တင်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားကော်ပြန့်ကြော်လေး ရရှိသွားပါပြီ။ ဆလပ်ရွက်၊ အချဉ်ရည်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com