ငါးကိုကြိုက်တဲ့သူတွေလည်းရှိသလို၊ ငါးဆိုလုံးဝမကြိုက်တဲ့သူတွေလည်း ရှိမှာပါ။ ငါးဟင်းဆို အရမ်းမုန်းနေကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ငါးဟင်းမကြိုက်တဲ့သူတွေတောင် အကြိုက်တွေ့သွားစေမယ့် ငါးအသားလုံးကြော် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ငါးအသားလုံးကြော်ပြုလုပ်ဖို့အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ရေ – ၄ ခွက် (သို့) ၅ ခွက် ထည့်ပေးပါ။ ကိုယ်ကြိုက်နှစ်သက်ရာ ငါးအသားလွှာတွေကို ၅၀၀ ဂရမ်လောက် ထည့်ပေးပါ။ ပြီးတာနဲ့ အတုံးသေးလေးတွေလှီးထားတဲ့ ဂျင်း အနည်းငယ်နဲ့ ဆား အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာတဲ့အထိ ပြုတ်ပေးပါ။ ရလာတဲ့အခါမှာတော့ ငါးတွေကို ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

နောက်ထပ်ဒယ်အိုးထဲကို ရေ – ၄ ခွက် (သို့) ၅ ခွက်ထည့်ပါ။ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ မုန်လာဥနီ – ခွက် ၁ ခွက်စာနဲ့ အတုံးသေးသေးလေးတွေတုံးထားတဲ့ အာလူး – ခွက် ၄ ခွက်စာကို ထည့်ပြုတ်ပါ။

နောက်တစ်ဆင့်အနေနဲ့ Blender ထဲကို ခုနကပြုတ်ထားတဲ့ ငါးတွေကို ထည့်လိုက်ပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၁ တက်ကို ထည့်မွှေပါ။ ပြီးရင်တော့ ပြုတ်ထားတဲ့ မုန်လာဥနီနဲ့ အာလူးတွေကို ထည့်မွှေပါ။ ကြက်ဥအကြီးတစ်လုံးကိုလည်း ထည့်မွှေပေးပါ။

အားလုံးမွှေပြီးပြီဆိုရင်တော့ ပန်းကန်လုံးအကြီးထဲကို ပြောင်းထည့်ပါ။ ပြီးတာနဲ့ ဂျုံ – ၂ ခွက် (သို့) ၃ ခွက်နဲ့ ဆန်မှုန့် – ၁ ခွက်ခွဲစာထည့်ပါ။ ဆား အနည်းငယ်နဲ့ ငရုပ်ကောင်း အနည်းငယ်ကိုလည်း ထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့ တစ်လက်မအရွယ်လေးတွေ လုံးပေးပါ။

ဒယ်အိုးအကြီးထဲကို ငါးပြုတ်ရည် ခွက် ၈ ခွက်စာထည့်ပြီး လုံးထားတဲ့ငါးတွေကို ထည့်ပြုတ်ပါ။ ပြီးမှသာ ဒယ်အိုးထဲထည့်ပြီး ကြော်ပေးရပါမယ်။

ကြော်ပြီးသွားတဲ့အခါမှာတော့ ပန်းကန်ထဲကိုထည့်ပြီး အချဉ်နဲ့တို့စားလို့လည်း ရသလို၊ ထမင်းနဲ့ တွဲစားလို့လည်းရပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ငါးအသားလုံးကြော်ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com