အကင်တွေ ကင်စားတဲ့အခါ ရယ်ဒီမိတ်အသားချောင်းတွေကို ကင်စားကြတာများပါတယ်။ ဒါပေမဲ့ ထိုအသားချောင်းများက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ သင် ယုံကြည်ပါသလား။ သင်အပါအဝင် သင့် အိမ်သူအိမ်သားအားလုံးရဲ့ ကျန်းမာရေးအတွက် စိတ်ချရမယ့် အသားချောင်းကြော်ကို ကိုယ်တိုင် မလုပ်စားချင်ဘူးလား။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုပြီး အသားချောင်းကို ကိုယ်တိုင်လုပ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါးဆုပ် ၁/၂ ပေါင်
  • ကင်းမွန် ၁/၄ ပေါင် (ရေဆေးပြီး ပါးပါးလှီးထားပါ)
  • ပုစွန် ၁/၄ ပေါင် (အခွံချွတ်ပြီး ရေဆေးလိုက်ပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ကြက်သွန်နီ တစ်ခြမ်း

  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ဆီ ပန်းကန်လုံး ၃ ခွက်စာ
  • ဂျုံမှုန့်နှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းစီ
  • ကြက်ဥအကာ ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးဆုပ်ကို အရိုးများနွှင်ထားပါ။ အသားများ တုံးတစ်ရောနှောသည့် Food Processor စက်ထဲသို့ ငါးဆုပ်၊ ပုစွန်၊ ကင်းမွန်၊ ကြက်သွန်ဖြူ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဂျုံမှုန့်၊ ပြောင်းမှုန့်နှင့် ကြက်ဥအကာတို့ထည့်ပြီး စက်ကို ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့အနှစ်များကို ဇလုံထဲ ပြောင်းထည့်လိုက်ပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးထားပါ။

၃။ ဇွန်းအပြားအကြီးနှင့် ဓားတို့ အသုံးပြုပြီး အသားအနှစ်များကို အသားချောင်းပုံသဏ္ဍာန်ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

၄။ ထို့နောက် ဆီထဲထည့်ကာ ၅ မိနစ်မှ ၇ မိနစ်အထိ ကြော်ပေးလိုက်ပါ။ အသားချောင်းများ ရွှေညိုရောင်ပြောင်းသွားပြီဆိုပါက ဆီပူထဲက ဆယ်ယူလိုက်ကာ အအေးခံလိုက်ပါ။

ရရှိလာတဲ့အသားချောင်းကို အချဉ်ရည်တို့ ဆော့စ်တို့နဲ့ တို့စားလို့လည်းရသလို အချိန်အကြာကြီးအထားခံချင်တယ်ဆိုရင်တော့ အလုံပိတ်ပလပ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ ၃ လကြာသည်အထိ အထားခံပါတယ်။

Source: maangchi.com