အားလုံးပဲ မင်္ဂလာပါ။ ၄ လပိုင်းထဲကိုရောက်လာပြီဆိုတော့ ရာသီဥတုကလည်း တအားကိုပူလာပါပြီနော်။ အပြင်ကိုတောင် မထွက်ရဲလောက်အောင် နေကြီးက ခြစ်ခြစ်တောက်ပူလွန်းလှပါတယ်။
အိမ်မှာနေရင်လည်း ပန်ကာ၊ အဲကွန်း တစ်ခုခုဖွင့်ထားရပြီး လက်ကနေလည်း ယပ်တောင်ကိုချရတယ်မရှိပါဘူး။ ဒီလိုအချိန်တွေမှာ အပူဒဏ်ကို အနည်းငယ်သက်သာသွားစေဖို့အတွက် အအေးစာလေးတစ်ခုတော့ လိုပြီပေါ့။
ကဲ..ဒါဆိုရင် နေပူပူထဲထွက်ဝယ်စရာမလိုဘဲ အိမ်မှာပဲ ရေခဲချောင်းချိုချိုလေးကို အလွယ်တကူ လုပ်စားကြည့်ရအောင်ပါ။
ပါဝင်ပစ္စည်းများ
- အချိုဓာတ်မရှိသည့် ကိုကိုးမှုန့် – 1/2 ခွက်
- သကြား – 2/3 ခွက်
- ပြောင်းသကြားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
- ဗနီလာ (သစ်ခွရည်) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နို့ – ၂ ခွက်
ပြင်ဆင်ပုံအဆင့်ဆင့်
၁။ ကိုကိုးမှုန့်နှင့် သကြားတို့ကို ဒယ်အိုးပြားတစ်ခုထဲထည့်ကာ အတူမွှေပေးပါ။
၂။ ပြောင်းသကြားရည်နှင့် ဗနီလာတို့ကို ရောထည့်၍ မီးအေးအေးမှာတည်ပါ။
၃။ မွှေနေစဉ်အတွင်းမှာ နို့ကိုထည့်ပြီး အားလုံးပျော်သွားတဲ့အထိ အဆက်မပြတ်မွှေနေပါ။
၄။ နောက်ဆုံးရလာတဲ့ အရောကို ရေခဲချောင်းလုပ်တဲ့ခွက်လေးတွေထဲ လိုက်ထည့်ကာ ခဲသွားတဲ့အထိ ရေခဲသေတ္တာထဲမှာ အေးခဲထားပါ။
တောင့်တင်းအေးခဲသွားပြီဆိုရင်တော့ အရသာရှိတဲ့ ရေခဲချောင်းလေးကို စားသုံးနိုင်ပါပြီ။
Source: cincyshopper.com