ပူအိုက်တဲ့အချိန်မှာ ဖျော်ရည်အေးအေးလေး သောက်သုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုရီးယားစတိုင်လ် အိမ်လုပ် စတော်ဘယ်ရီနွားနို့ဖျော်ရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော စတော်ဘယ်ရီသီးများ ပန်းကန်လုံး ၁ လုံးခွဲစာ
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော စတော်ဘယ်ရီသီးများ စားပွဲတင်ဇွန်း၁၂ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း (အုန်းနို့လည်း အစားထိုးအသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက်မှာ သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များရအောင် ဖျော်ပေးလိုက်ပါ။

၂။ ရရှိလာသော စတော်ဘယ်ရီအနှစ်များ၊ သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပါးပါးလှီးထားသော စတော်ဘယ်ရီသီး စားပွဲတင်ဇွန်း ၄ ဇွန်းခန့်တိုကို အိုးအသေးတစ်လုံးထဲထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ တစ်မိနစ်ကျော်ခန့် တည်ပြီးတဲ့နောက်မှာတော့ မီးပိတ်ပြီးနောက် ရေခဲသေတ္တာထဲတွင် အအေးခံထားနိုင်ပါတယ်။

၃။ စတော်ဘယ်ရီအနှစ်များ အေးသွားသောအခါ ထိုအနှစ်တစ်ဝက်ခန့်ကို ဖန်ခွက်ထဲ ထည့်ပါ။ ကျန်အနှစ်တစ်ဝက်ကို အခြားဖန်ခွက်ထဲတွင် ထည့်ပါ။ ပါးပါးလှီးထားသော စတော်ဘယ်ရီသီး တစ်ဝက်စီကို ထိုဖန်ခွက်များထဲတွင် အညီအမျှ ခွဲထည့်ပါ။

၄။ ထို့နောက် နွားနို့တစ်ဝက်စီကို ဖန်ခွက်များထဲ အညီအမျှခွဲထည့်လိုက်ပါ။ ပြီးရင်တော့ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်နှုတ်ခမ်းပေါ်တွင် စတော်ဘယ်ရီသီးဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီ နွားနို့ဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Drivemehungry.com