ရာသီဥတုပူပြီး သရက်သီးပေါနေတဲ့အချိန်မှာ ကူဖီးလ်ကြိုက်တဲ့သူတွေအတွက် သရက်သီးကူဖီးလ် ရေခဲချောင်းပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

သရက်သီးအမှည့်တစ်လုံးကို အခွံခွာ၊ သေးသေးလေးတွေလှီးပြီး ပန်းကန်ထဲထည့်ပါ။ အလုံးအရမ်းသေးရင်တော့ ၂ လုံးလောက်လုပ်ရပါမယ်။ ပြီးတာနဲ့ Blender ထဲထည့်ပြီး ကြိတ်ပါ။ ဆား – အနည်းငယ်ထည့်ပြီး ထပ်မွှေပါ။

ပြီးတာနဲ့ Pan တစ်ခု (သို့) အိုးတစ်ခုထဲ ပြောင်းထည့်ပါ။ Fresh Cream – 200 ml ထည့်၊ နို့ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး သေချာသမအောင်မွှေပါ။ ကြာကြာတော့ မွှေရပါမယ်။

သေချာမွှေပြီးရင် နို့မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းလောက်ထည့်ပြီး သေချာသမအောင် ထပ်မွှေပါ။

မွှေပြီးရင်တော့ ရေခဲချောင်းလုပ်မယ့်ခွက်လေးတွေထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆ နာရီကြာ ထည့်ထားပါ။

အချိန်ပြည့်လို့ထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ သရက်သီးကူဖီးလ်ရေခဲချောင်းကို ရရှိသွားပါပြီ။

Source: www.rimlieey