Mayonnaise ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင်လည်း လုပ်တတ်သွားအောင် အရမ်းကိုလုပ်ရတာ လွယ်ကူတဲ့နည်းလမ်းနဲ့ Homemade Mayonnaise ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းတွေကလည်း ထွေထွေထူးထူး အများကြီးမလိုတဲ့အတွက် လုပ်ရတာ အဆင်ပြေမှာပါ။

ပန်းကန်လုံးအကြီးထဲကို ကြက်ဥ (အနှစ်) – ၂ လုံး ထည့်ပါမယ်။ အနှစ်ပဲယူမှာပါ။ ပြီးရင်တော့ ခေါက်တဲ့အတံလေးနဲ့ သေချာခလောက်မွှေပေးပါ။

မွှေပြီးရင် ဆီ – ၂၀၀ မီလီလီတာထည့်ပြီး သေချာသမအောင် ပျစ်ပျစ်လေးဖြစ်တဲ့အထိ မွှေပေးရပါမယ်။ သေချာမွှေဖို့တော့ လိုပါတယ်။ ဆီကို တစ်ခါထဲအကုန်မထည့်ပဲ နည်းနည်းချင်းစီထည့်ထည့်ပြီး မွှေပေးပါ။

မွှေပြီးလို့ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာရည် (သို့) သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သေချာသမအောင် ထပ်မွှေပါ။ ကြာကြာလေးမွှေပါ။

မွှေပြီးရင်တော့ Mayonnaise ကို ရရှိသွားပါပြီ။ ဒါဆိုရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့ Homemade Mayonnaise ကို ရရှိသွားပါပြီ။

Source:www.spicebangla