ပိတ်ရက်မှာ အပြင်မသွားပဲ အိမ်မှာအပျင်းပြေမုန့်လုပ်စားလို့ရအောင် အရသာရှိပြီးထူးဆန်းတဲ့ နာနတ်သီး Bacon လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ နာနတ်သီး၊ Bacon နဲ့ ချိစ်တို့ကိုပဲ အဓိကထည့်ပြီးလုပ်ရမှာဖြစ်လို့ ၀ယ်ရတာလည်းလွယ်ကူစေမှာပါ။

ပထမဆုံးအနေနဲ့ City Mart တွေမှာ ဘူးလေးတွေနဲ့အသင့်ရောင်းတဲ့ နာနတ်သီးကွင်းလေးတွေကိုဝယ်ပါ။ မရှိရင်လည်း နာနတ်သီးကို အကွင်းလေးတွေဖြစ်အောင် လှီးပေးလို့ရပါတယ်။ Bacon လို့ခေါ်တဲ့ ၀က်ဆားနယ်ခြောက်နဲ့ ချိစ်လည်းလိုပါတယ်။ ကြက်သွန်နီအလုံးကြီးလည်း လိုပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်နီအလုံးကြီးကို အကွင်းလေးဖြစ်အောင်လှီးပြီး ရလာတဲ့ကြက်သွန်နီကွင်းလေးထဲကို နာနတ်သီးအကွင်းတစ်ကွင်းထည့်ပေးပါ။ နာနတ်သီးပေါ်မှာမှ ချိစ်ချောင်းလေးတွေကို တင်ပေးရပါမယ်။ ဒီအချက်သုံးချက်ကိုလုပ်ပြီးရင်တော့ Bacon လို့ခေါ်တဲ့ဝက်ဆားနယ်ခြောက်ကို ပတ်ပေးရပါမယ်။

Source: www.youtube.com

အားလုံးပြီးသွားတဲ့အခါမှာတော့ BBQ ဆော့စ်လေးးသုတ်ပေးပြီး မုန့်ဖုတ်စက်ထဲမှာ ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀ မိနစ်လောက်ထည့်ထားပေးပါ။

Source: www.youtube.com

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ နာနတ်သီး Bacon ကိုရရှိသွားပါပြီ။