အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ သဘာဝနာနတ်ယိုလေးကို မိမိအိမ်မှာပဲ လွယ်လွယ်ကူကူ မလုပ်စားကြည့်ချင်ကြဘူးလား။
အားလပ်ချိန်လေးမှာ အပျင်းလည်းပြေအောင် အချိန်လည်း အကျိုးရှိအောင် အသုံးချတဲ့အနေနဲ့ နာနတ်ယိုလေး လုပ်စားကြည့်လိုက်ပါ။
ပါဝင်ပစ္စည်းများ
- နာနတ်သီး အမှည့် ၂ လုံးနှင့် မမှည့်တမှည့် ၃ လုံး
- သကြား ၄၀၀ ဂရမ်
- သံပုယိုသီး တစ်လုံး (အရည်ညှစ်ထားပါ)
- လေးညှင်းပွင့် ငါးပွင့်
- သစ်ကြမ်းပိုးခေါက် နှစ်ချောင်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ နာနတ်သီးရဲ့ထိပ်ဖျားပိုင်းနဲ့ အောက်ခြေ နှစ်ဖက်ကို လှီးဖြတ်ပြီး အခွံခွာထားပါ။ ထို့နောက် နာနတ်သီးရဲ့မျက်စေ့ပုံသဏ္ဍာန် အနားသားတွေကို ဖယ်ထုတ်လိုက်ပါ။
၂။ နာနတ်သီးကို လေးပိုင်း ပိုင်းပြီးနောက် ပန်းကန်တစ်လုံးထဲတွင် ခြစ်ခုံဖြင့် ခြစ်ချလိုက်ပါ။
၃။ နာနတ်သီးရဲ့ အက်စစ်ဓာတ်များရန်မှ သင့်လက်ကို ကာကွယ်ဖို့ရန်အတွက် လက်အိတ်ဝတ်ထားပြီးမှ ခြစ်ချရပါမယ်။
၄။ ရရှိလာတဲ့ နာနတ်သီးအနှစ်နဲ့ အရည်တို့ကို သပ်သပ်စီဖယ်ထားလိုက်ပါ။
၅။ နာနတ်သီးအနှစ်များကို အိုးထဲထည့်လိုက်ပါ။ ထို့နောက် လေးညှင်းပွင့်၊ သကြား၊ သစ်ကြမ်းပိုးခေါက်နှင့် လေးညှင်းပွင့်တို့ကို နာနတ်သီးအိုးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံပုယိုရည်များကို ရေစစ်နှင့် စစ်ထည့်လိုက်ပါ။
၆။ ထို့နောက် မီးအပူပေးပြီး သစ်သားယောက်မဖြင့် အိုးကို မွှေပေးလိုက်ပါ။
၇။ နာနတ်သီးများ ဆူပွက်လာပါက စောစောက ဖယ်ထားသော နာနတ်ရည်များကို နည်းနည်းချင်းစီ လောင်းထည့်လိုက် ယောက်မဖြင့် မွှေပေးလိုက်ပါ။
၈။ ဇွန်းဖြင့် အဆက်မပြတ်မွှေပြီးတဲ့နောက်မှာ နာနတ်ရည်များ ခမ်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ နာနတ်ရည်များ ခမ်းသွားပါက မီးပိတ်လိုက်ပါ။
၉။ နာနတ်ယိုများ အအေးခံပြီးတဲ့နောက်မှာ သစ်ကြမ်းပိုးခေါက်နှင့် လေးညှင်းပွင့်တို့ကို အိုးထဲက ဖယ်ထုတ်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ အိမ်လုပ် နာနတ်ယိုလေးကို လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။ ပေါင်မုန့်နဲ့ တို့စားရင်တော့ အရသာအရှိဆုံးပါပဲ။
Source: Kitchenbowl.com