ပျော်ပျော်ပါးပါး အလွယ်တစ်ကူ ကျန်းမာရေးနှင့် ညီညွတ်စွာ မိသားစု သူငယ်ချင်းများ စုမိတဲ့အခါလုပ်စားလို့ ရအောင် Ma Syilwin ရဲ့ ပီဇာ လုပ်နည်းလေး ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျုံအနှစ်တုံး (Dough) – ၃၀၀ ဂရမ် (Dough) ဂျုံအနှစ်အသားတုံး
- ခရမ်းချဉ်သီး အလုံးကြီး – ၂ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)
- Thyme – ၃ ပင် (အရွက်တွေချွေထားပါ)
- ချီစ်ပြား – ၁၀ ပြား (ဆန်းဝှေ့လုပ်စားသော ချီစ်ချပ်များ)
- သံလွင်ဆီ – ၂ ဇွန်း စားပွဲဇွန်း
- ရှာလာကာရည် – လိုသလောက် (ပီဇာပေါ်ဖျန်းစားနိုင်ပါတယ်)
- ဆားကြမ်း – အနည်းငယ်
ပြုလုပ်နည်း
- ဒိုး (ဂျုံအနှစ်တုံး) ကို ကိုယ်လိုချင်သလို အဝိုင်း လေးဒေါင့်ကို ဂျုံအနည်းငယ်ဖြူးထားသော စားပွဲပေါ်တင်ပြီး မုန့်လှိမ့်တလိမ့်တုံးဖြင့် လှိမ့်ပြီး ပီဇာအောင်သားမုန့်ချပ် ရအောင်လုပ်ပါ ။ ပီဇာချပ် အထူအပါးလဲ ကိုယ့်စိတ်ကြိုက် လုပ်နိုင်ပါတယ် ။
- ပီဇာ ဒိုးချပ်ရလျင် ဆီဆမ်းပြီး အာဗင်ထဲ အပူချိန် ၂၀၀ ဒီဂရီဖြင့် ပီဇာသား နည်းငယ်အရောင်တက်ရုံ တည်ပါ ။
- လှီးထားသော ခရမ်းချဉ်သီး အကွင်းများကို မကပ်သော အကင်ဘန်းပေါ်စီတင်ပြီး အပေါ်မှနေ ဆားဖြူး ၊ Thyme အရွက်များ နှံ့အောင် လိုက်ဖြူးပါ ၊ ဆီဆမ်းပါ ။ ပြီးလျင် ၁၅၀ ဒီဂရီ အပူချိန်ဖြင့် အာဗင်ထဲမှာ ၁ မိနစ်လောက် ကင်ပါ ။ အာဗင်ထဲမှ ထုပ်ပြီး အအေးခံထားပါ ။
- မကျက်တစ်ကျက်ကင်ထားသော မုန့်ချပ်အပေါ် ချီစ်ချပ်လေးများ စီတင်ပါ ။ ပြီးလျင် ကင်ထားသော ခရမ်းချဉ်သီးများ ချေတင်ပါ။ အပေါ်မှ Thyme အရွက်လေးများ ထပ်ဖြူးပါ ။ ပြီးလျင် အာဗင်ထဲထည့်ပြီး ၅-၈ မိနစ်လောက် အပူချိန် ၂၀၀ဒီဂရီနဲ့ ကင်ပါ ။ ပီဇာအနားသားကျွတ်လျှင် ရပါပြီး ။ အနေတော်လေးတွေ ပိုင်းပြီး ပူပူလေးသုံးဆောင်လို့ ရပါပြီး ။ ရှာလာကာရည် ကြိုက်သောသူများ အနည်းငယ် ဆမ်းစားနိုင်ပါတယ် ။
Credit: Syilwin Foodsgarden