အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေး စားချင်သူများအတွက် အမေရိကန်စတိုင်လ် ကြော်ထားတဲ့ ကြက်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၁.၂ လီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သားတုံး ၁၀ တုံး
  • ဂျုံမှုန့် ၂၂၅ ဂရမ်
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ရေ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ငရုတ်သီးမှုန့်အနည်းငယ်တိုပထည့်ကာ ဆားများ ပျော်ဝင်သွားသည်အထိ မွှေလိုက်ပါ။

၂။ ထို့နောက် ကြက်သားတုံးများကို ထိုရေထဲထည့်ကာ ပန်းကန်လုံးကို ပလပ်စတစ်ဖြင့် အုပ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ ၄ နာရီမှ ၁၂ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၃။ ဂျုံမှုန့်အရောအနှော ပြုလုပ်ရန်အတွက် ဆား၊ ဂျုံမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၄။ ကြက်သားများ နှပ်ပြီးသွားတဲ့အခါ ကြက်သားတစ်တုံးချင်းစီကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၁၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြက်သားတုံးများ ရွှေညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမေရိကန်စတိုင်လ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Seriouseats.com