အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား မွကြော် ကြွပ်ကြွပ်မွမွလေး ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အရသာလည်းရှိပြီး ပြုလုပ်ရတာလည်း လွယ်ကူပါတယ်။ ဝက်သားမစားတဲ့သူတွေက ကြက်သားနဲ့ လုပ်လို့လည်းရပါတယ်နော်။

ပါဝင်ပစ္စည်း

ဝက်သား ၅၀၀ ဂရမ် (အသားချည်းပဲ)

ပဲငံပြာရည် အနည်းငယ်

သကြား စားပွဲတင်ဇွန်း တစ်ဇွန်း

နာနတ်ပွင့် ၂ ပွင့်

ဂျင်း ၃ ပြား

နှမ်း အနည်းငယ်

ဆားအနည်းငယ်

ဆီ

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို ရေဆေးပြီး အဆီတွေပါလာရင် သေချာလှီးထုတ်လိုက်ပါ။

ပြီးရင် အတုံးအသေးလေးလှီးလိုက်ပြီး ဂျင်းကိုလည်း ခပ်ပါးပါးလေးလှီးလိုက်ပါ။

အဲဒီနောက် ရေကိုဆူအောင်သည်လိုက်ပြီး ဝက်သားနဲ့ ဂျင်းကိုထည့်ပြုတ်လိုက်ပါ။

ပြီးရင်တော့ ပဲငံပြာရည်ထည့်၊ သကြား၊ ဆား တို့ထည့်ပြီး မွေလိုက်ပါ။

နူးနေအောင်ပြုတ်လိုက်ပါ။ ဝက်သားနူးလာပြီဆိုရင်တော့ ရေကိုခမ်းအောင်သည်လိုက်ပါ။ ခမ်းသွားရင် ဝက်သားတွေကို ညက်သွားအောင်ထောင်းလိုက်ပါ။

ပြီးရင်တော့ ခဏလောက် လှော်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar