အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သား ကြက်ဥ အာလူးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ထမင်းစားတဲ့အခါ အရံဟင်းတစ်မျိုးအနေနဲ့ အရသာရှိရှိစားသုံးနိုင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁၅ လုံး
  • ကြက်ဥပြုတ် ၃ လုံး
  • မိရောနိစ် ၃၀ အောင်စ
  • အတုံးသေးတုံးထားသော ဝက်ဆားနယ်ခြောက် အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • နံနံပင်အနည်းငယ် (အရွက်များ လှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် တစ်ဝက် (အာလူးသုပ်ရန်)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးပြုတ်ရန်)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သံလွင်ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အာလူးကို အနာအဆာများလှီးဖြတ်ပြီးနောက် အိုးထဲထည့်ကာ ရေနဲ့ ဆားတို့ထည့်ပြီး ၄၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

ပန်းကန်လုံးထဲတွင် ဝက်ဆားနယ်ခြောက်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ မိရောနိစ် ဆား၊ ငရုတ်ကောင်းနဲ့ သံလွင်ဆီတို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

ပြီးမှ ကြက်ဥများကို အစိတ်စိတ်လှီးဖြတ်ပြီးနောက် ထပ်နယ်ပေးလိုက်ပါ။

အာလူးများ နူးညံ့သွားပါက အတုံးသေး တုံးထားပြီး ကြက်ဥထဲ ထည့်ကာ ထပ်နယ်ပေးရပါမယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာ လိုအပ်ပါက ဆားနဲ့ ငရုတ်ကောင်းတို့ ထပ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥ အာလူးသုပ်ကို ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com