ကြွက်သားများ ကျစ်လျစ်ပြီး အဆီပိုတွေ ကင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ပါသလား။ Gym ဆော့ပြီးနောက်ပိုင်း၊ ပြင်းထန်တဲ့အားကစားတွေ ပြုလုပ်ပြီးတိုင်းမှာ အရမ်းမောနေပါသလား။ ဒါဆိုရင်တော့ အားကစားပြုလုပ်ပြီးတိုင်းမှာ ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ပရိုတင်းဖျော်ရည်လေး သောက်သုံးပေးလိုက်ပါ။

အခုဖော်ပြပေးမယ့် ပရိုတင်းဖျော်ရည်တွေက မိမိအိမ်မှာပဲ လွယ်လင့်တကူပြုလုပ်နိုင်တဲ့ သဘာဝပရိုတင်းဖျော်ရည်တွေဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

ချောကလက်ပရိုတင်းဖျော်ရည်

ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးတစ်လုံး၊ အယ်လ်မွန်ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ချောကလက်အနက်ရောင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နွားနို့ ၂၅၀ မီလီလီတာ၊ ဒိန်ချဉ် ၁၂၅ ဂရမ်နှင့် စွန်ပလွံသီး ၂ လုံးတို့ပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ပန်းသီးကို အခွံခွာပြီး ပါးပါးလှီးထားပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ ပန်းသီး၊ စွန်ပလွံသီး၊ နွားနို့၊ ဒိန်ချဉ်၊ ကိုးကိုးမှုန့်နှင့် အယ်လ်မွန်ထောပတ်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်လိုက်ပါ။ ချောကလက်များ ဖြူးထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

ထောပတ်သီး ပရိုတင်းဖျော်ရည်

လိုအပ်မယ့်ပါဝင်ပစ္စည်းတွေကတော့ ငှက်ပျောသီး ၂ လုံး၊ ထောပတ်မြေပဲ စားပွဲတင်ဇွန်း ၂ ဇွန်း

ဒိန်ချဉ် ၅၀၀ ဂရမ်၊ နွားနို့ ၁၂၅ မီလီလီတာ၊ Chia Seeds စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကိုးကိုးမှုန့်တို့ လိုအပ်ပါလိမ့်မယ်။ သစ်သီးဖျော်စက်ထဲသို့ ငှက်ပျောသီး၊ ဒိန်ချဉ်၊ နွားနို့နှင့် ထောပတ်တို့ထည့်ပြီး မွှေထားလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် Chia Seeds နဲ့ ကိုးကိုးမှုန့်တို့ဖြူးပြီး အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

ပန်းသီး ပရိုတင်းဖျော်ရည်

ဒီပရိုတင်းဖျော်ရည် ဖျော်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း၊ နွားနို့ ၂၅၀ မီလီလီတာ၊ ပန်းသီး တစ်လုံး၊ အယ်လ်မွန်ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ကိုးကိုးမှုန့်တို့ လိုအပ်ပါလိမ့်မယ်။ ပန်းသီးကို အခွံခွာပြီး အတုံးခပ်သေးသေးတုံးထားပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ အုတ်ဂျုံ၊ နွားနို့၊ အယ်လ်မွန်ထောပတ်တို့ဖြင့် မွှေဖျော်လိုက်ပါ။

ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်ပြီးနောက် ကိုးကိုးမှုန့်အနည်းငယ်ဖြူးကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Stylecraze.com