အာလူးကြော်ကြိုက်တဲ့သူတွေနဲ့ အစပ်ကြိုက်သူများအတွက် အာလူးကိုစပ်စပ်လေးနဲ့ ပိုစားကောင်းအောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ထမင်းနဲ့တွဲစားလို့လည်းရသလို၊ ဒီတိုင်းစားချင်လည်း အအေးလေးသောက်လိုက်၊ အာလူးကြော်စပ်စပ်လေးစားလိုက်နဲ့ အေးဆေးအနားယူလို့ရတာပေါ့။

အာလူး ၃၀၀ ဂရမ်ကို အချောင်းလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဟင်းခတ်ငရုပ်ကောင်းမှုန့် နည်းနည်းနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၃ တက်ကို ထည့်ကာ ဆီသက်ပါမယ်။

လှီးထားတဲ့အာလူးတွေထည့်ကြော်ပါမယ်။ ဆားနည်းနည်းထည့်မွှေပြီး ၅ မိနစ် (သို့) ၇ မိနစ်လောက် အဖုံးအုပ်ပီး တည်ထားပါ။

အချိန်ပြည့်ရင် အာလူးက တစ်ဝက်လောက်တော့ ကျက်နေပီမို့ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ မဆလာ နည်းနည်းထည့်ပြီး နနွင့်မှုန့် နည်းနည်းထည့်ကာ သမအောင် မွှေပေးပါ။ ၁၀ မိနစ်လောက်ကြော်ထားပြီး နံနံပင်ကြိုက်ရင် နံနံပင်ထည့်ပါ။

နောက်ဆုံးမှာတော့ အချိန်ပြည့်လို့ အာလူးကလည်း ကိုယ်လိုချင်တဲ့အနေအထားကို ရောက်ပြီဆိုရင် ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

Source: www.dindigulfoodcourt