အားလုံးပဲမင်္ဂလာပါနော်။ မိသားစုနဲ့ အားလပ်ရက်မှာ မုန့်လုပ်စားမယ်ဆိုရင် ကော်ပြန့်ကြော်လေး လုပ်စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။
အသားအတွက်
- ဝက်သား (သို့) မိမိနှစ်သက်ရာအသား ၁၀ သားခန့်
- ဆားအနည်းငယ်
- နှမ်းဆီအနည်းငယ်
- ကော်မှူန့်အနည်းငယ်
- ငရုတ်ကောင်းမှူန့်အနည်းငယ်
အသီးအရွက်ကြော်ရန်
- ဆီ
- ကြက်သွန်ဖြူ
- မှိူ
- မုန်လာဥနီ
- ဂေါ်ဖီထုပ်
- ပဲငံပြာရည်အကြည်
- ဆား
- ငရုတ်ကောင်းမှူန့်
- သကြား
တခြားပါဝင်ပစ္စည်းများ
- ကော်ပြန့်ရွက်
- ကော်မှူန့် ၁ ဇွန်း နဲ့ ရေနွေး ၁ ဇွန်းအရော
- ဆီ
ဆော့စ်အတွက်
- သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရေနွေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆော့စ်
ပြုလုပ်နည်း
အသားနဲ့ အသီးအရွက်တွေကို ခပ်ပါးပါးလေးလှီးထားလိုက်ပါ။ အသားနဲ့အသားအတွက်ပါဝင်ပစ္စည်းတွေကိုရောပြီး နာရီဝက်လောက်နှပ်ထားပါ။
အိုးကိုအပူပေးပြီးဆီထည့်ကာအသားအရင်ကြော်လိုက်ပါ။
အဲဒီနောက် ကြက်သွန်ဖြူ၊ မှိူ၊ မုန်လာဥနီထည့်ပြီးကြော်လိုက်ပါ။ အဲဒီနောက် တခြားအသီးအရွက်တွေလည်းထည့်ကြော်ပါ။ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆား၊ ငရုတ်ကောင်းမှူန့်၊ သကြားတို့ထည့်ကြော်ပါ။ ရေနည်းနည်းထည့်ပါ။ သေချာမွှေပေးလိုက်ပြီး ရပြီဆိုရင် ခဏဖယ်ထားလိုက်ပါ။
ပြီးရင်တော့ ကော်ပြန့်ရွက်အပေါ်မှာ ကြော်ထားတဲ့အသားနဲ့အသီးအရွက်ကိုထည့်လိုက်ပြီးလိပ်လိုက်ပါ။
ပြီးရင် အိုးထဲဆီထည့်လိုက်ပြီး ကြော်လိုက်ပါ။
အဲဒီနောက် ဆော့လ်လေးနဲ့သုံးဆောင်လို့ရပါပြီနော်။
Photo: thewoksoflife.com