အချဉ်တွေ၊ ဆော့စ်တွေကို အပြင်ကနေ ဝယ်မစားပဲ စားခါနီးမှ ကိုယ်တိုင်သေချာလုပ်ပြီး စားလို့ရအောင် ခရမ်းချဉ်သီးဆော့စ် (Tomato Ketchup Sauce) ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ဘာမှထွေထွေထူးထူးမလိုတဲ့အပြင် လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

ခရမ်းချဉ်သီးအလုံးကြီး ၅ လုံး (သို့) ၆ လုံးလောက်ကို ပြုတ်လိုက်ပါ။ ပြုတ်ပြီးရင် Blender ထဲထည့်ကြိတ်ပါ။

မီးဖိုပေါ်ကို ဒယ်အိုးတင်ထားပြီး ကြိတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို အဖတ်တွေမပါအောင် ဇကာနဲ့စစ်ချပါ။

ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သကြား – စားပွဲတင်ဇွန်းလေးဇွန်း၊ ရှာလကာရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာတို့ကို ထည့်ပြီး မွှေကာ တည်ထားပေးပါ။

ပွက်ပွက်ဆူလာပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး အအေးခံထားကာ ပန်းကန်ထဲထည့်ပြီး ကိုယ်နှစ်သက်ရာနဲ့ တို့စားနိုင်ပါပြီ။ တွဲဖက်စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Homemade ခရမ်းချဉ်သီးဆော့စ် (Tomato Ketchup Sauce) ကို ရရှိသွားပါပြီ။

Source:www.spicebangla