(Unicode)

ဒိန်ချဉ်ထဲမှာ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်နဲ့ သတ္တုဓာတ်များ ပြည့်ဝစုံလင်စွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။

ဒီလိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဒိန်ချဉ်ကို ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးမျိုးစုံနဲ့ တွဲဖက်ဖျော်သောက်လိုက်မယ်ဆိုရင် အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာကြောင့် ပုံမှန်သောက်သုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၄၇၅ မီလီလီတာ
  • ဒိန်ချဉ် ၁၁၅ ဂရမ်
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အနေတော် အတုံးတုံးထားသော သီးစုံသစ်သီးများ ၁၄၅ ဂရမ် (စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ငှက်ပျောသီး၊ ပန်းသီး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာသစ်သီးများကို အသုံးပြုနိုင်ပါတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမဦးဆုံးအနေနဲ့ ဒိန်ချဉ်နဲ့ နွားနို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၂။ ဒုတိယအဆင့်ကျမှ ပျားရည်ထည့်ကာ ထပ်မွှေပေးရပါမယ်။

၃။ ထို့နောက် မိမိရွေးချယ်ထားသော သီးစုံသစ်သီးများ ထည့်ကာ အတုံးအခဲများ အနှစ်ဖြစ်သွားသည်အထိ ဖျော်စက်ကို မွှေပေးရပါမယ်။

ထို့နောက် ဖန်ခွက်ထဲထည့်ကာ မသောက်ခင် တစ်နာရီခန့်ကြိုပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးလိုက်ပါ။ ဒါမှ အေးအေးလေးနဲ့ သောက်လို့ကောင်းတဲ့ သီးစုံဖျော်ရည်တစ်ခွက် ရရှိသွားမှာပါ။

Source: Laurafuentes.com

(Zawgyi)

ဒိန္ခ်ဥ္ထဲမွာ ပရိုတင္းဓာတ္၊ ကယ္လ္စီယမ္ဓာတ္နဲ႔ သတၲဳဓာတ္မ်ား ျပည့္ဝစံုလင္စြာပါဝင္တဲ့အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာတစ္ခုလို႔ မွတ္ယူႏိုင္ပါတယ္။

ဒီလိုက်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ဒိန္ခ်ဥ္ကို ဗီတာမင္နဲ႔ သတၲဳဓာတ္မ်ား ၾကြယ္ဝစြာပါဝင္တဲ့ သစ္သီးမ်ိဳးစံုနဲ႔ တြဲဖက္ေဖ်ာ္ေသာက္လိုက္မယ္ဆိုရင္ အရသာလည္းရွိ က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳတာေၾကာင့္ ပံုမွန္ေသာက္သံုးေပးႏိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ႏြားႏို႔ ၄၇၅ မီလီလီတာ
  • ဒိန္ခ်ဥ္ ၁၁၅ ဂရမ္
  • ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • အေနေတာ္ အတံုးတံုးထားေသာ သီးစံုသစ္သီးမ်ား ၁၄၅ ဂရမ္ (စေတာ္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီး၊ ငွက္ေပ်ာသီး၊ ပန္းသီး စသည္ျဖင့္ မိမိႀကိဳက္ႏွစ္သက္ရာသစ္သီးမ်ားကို အသံုးျပဳႏိုင္ပါတယ္။)

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပထမဦးဆံုးအေနနဲ႔ ဒိန္ခ်ဥ္နဲ႔ ႏြားႏို႔ကို သစ္သီးေဖ်ာ္စက္ထဲထည့္ၿပီး သမေအာင္ ေမႊထားလိုက္ပါ။

၂။ ဒုတိယအဆင့္က်မွ ပ်ားရည္ထည့္ကာ ထပ္ေမႊေပးရပါမယ္။

၃။ ထို႔ေနာက္ မိမိေရြးခ်ယ္ထားေသာ သီးစံုသစ္သီးမ်ား ထည့္ကာ အတံုးအခဲမ်ား အႏွစ္ျဖစ္သြားသည္အထိ ေဖ်ာ္စက္ကို ေမႊေပးရပါမယ္။

ထို႔ေနာက္ ဖန္ခြက္ထဲထည့္ကာ မေသာက္ခင္ တစ္နာရီခန္႔ႀကိဳၿပီး ေရခဲေသတၲာထဲ ထည့္ထားေပးလိုက္ပါ။ ဒါမွ ေအးေအးေလးနဲ႔ ေသာက္လို႔ေကာင္းတဲ့ သီးစံုေဖ်ာ္ရည္တစ္ခြက္ ရရွိသြားမွာပါ။

Source: Laurafuentes.com