(Zawgyi Version)

ၾကက္ေတာင္ပံေၾကာ္တို႔၊ BBQ ၾကက္ေတာင္ပံတို႔ဆိုရင္ ႀကိဳက္တဲ့သူမ်ားမယ္လို႔ ထင္ပါတယ္။ New Year ညမွာဆိုရင္ ေသာက္ၾက၊ စားၾက၊ ႏွစ္သစ္ကို ႀကိဳဆိုၾကဖို႔အတြက္ အေအးနဲ႔ပဲျဖစ္ျဖစ္၊ ဘီယာနဲ႔ပဲျဖစ္ျဖစ္ အလိုက္ဖက္ဆံုးကေတာ့ BBQ Chicken Wings ပါပဲ။ ဒါေၾကာင့္ ရိုးရိုးၾကက္ေတာင္ပံေၾကာ္ထက္ ပိုအရသာရွိတာေလး လုပ္စားခ်င္သူေတြနဲ႔ New Year ညကို ျဖတ္သန္းၿပီး ႏွစ္သစ္ကို ႀကိဳဆိုမယ့္သူေတြအတြက္ အမိုက္စား BBQ Chicken Wings လုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

BBQ Chicken Wings လုပ္ဖို႔အတြက္ ပန္းကန္လံုးအႀကီးထဲကို ဂ်ံဳမႈန္႔ – ခြက္ေသး တစ္ခြက္စာထည့္ပါ။ ငရုပ္သီးမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ၊ ဆား – လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ၊ ငရုပ္ေကာင္းမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ၊ အေရာင္တင္မႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ၊ ၾကက္သြန္ျဖဴအမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကိုလည္း ထည့္ၿပီးသမေအာင္နယ္ပါ။

ကိုယ္လုပ္ခ်င္သေလာက္ Chicken Wings (ၾကက္ေတာင္ပံ) ေတြကို တစ္ခုခ်င္းစီယူၿပီး ခုနကလုပ္ထားတဲ့ ဂ်ံဳမႈန္႔ပန္းကန္ထဲထည့္ကာ သမေအာင္္နယ္ပါ။

စတီးဗန္းမွာ ဆီစုပ္စာရြက္ခံၿပီး ဆီ နည္းနည္းသုတ္ထားပါ။ ၿပီးရင္ေတာ့ Chicken Wings (ၾကက္ေတာင္ပံ) ေတြကို ဗန္းထဲ တန္းစီထည့္ပါ။ ၿပီးတာနဲ႔ မုန္႔ဖုတ္စက္ထဲထည့္ၿပီး အပူခ်ိန္ကို ၄၂၅ ဒီဂရီဖာရင္ဟိုက္၊ ၂၂၀ ဒီဂရီ စင္တီဂရိတ္နဲ႔ထားၿပီး ၄၅ မိနစ္ ထည့္ထားပါ။

အခ်ိန္ျပည့္လို႔ မုန္႔ဖုတ္စက္ထဲကထုတ္တာနဲ႔ ေနာက္ထပ္ပန္းကန္လံုးအႀကီးထဲကို BBQ ေဆာ့စ္ – ပန္းကန္လံုးအေသး တစ္ခြက္စာထည့္ပါ။ ပ်ားရည္ကိုလည္း ပန္းကန္လံုးအေသး ခြက္တစ္ဝက္စာထည့္ၿပီး ေမႊပါ။ ေမႊၿပီးရင္ ခုနကဖုတ္ထားတဲ့ ၾကက္ေတာင္ပံေတြကို ထည့္နယ္ပါ။

နယ္ၿပီးရင္ ဗန္းထဲျပန္ထည့္ၿပီး မုန္႔ဖုတ္စက္ထဲထည့္ရမွာပါ။ အပူခ်ိန္ကိုေတာ့ ၅၀၀ ဒီဂရီဖာရင္ဟိုက္၊ ၂၆၀ ဒီဂရီ စင္တီဂရိတ္နဲ႔ထားၿပီး ၁၀ မိနစ္ ထည့္ထားပါ။

အခ်ိန္ျပည့္ရင္ေတာ့ ပန္းထဲထည့္ၿပီး စားသံုးလို႔ရပါၿပီ။ ဒါဆိုရင္ေတာ့ New Year ညအတြက္ အမိုက္စား BBQ Chicken Wings ကို ရရွိသြားပါၿပီ။

Photo Source: www.tasty.com

(Unicode Version)

ကြက်တောင်ပံကြော်တို့၊ BBQ ကြက်တောင်ပံတို့ဆိုရင် ကြိုက်တဲ့သူများမယ်လို့ ထင်ပါတယ်။ New Year ညမှာဆိုရင် သောက်ကြ၊ စားကြ၊ နှစ်သစ်ကို ကြိုဆိုကြဖို့အတွက် အအေးနဲ့ပဲဖြစ်ဖြစ်၊ ဘီယာနဲ့ပဲဖြစ်ဖြစ် အလိုက်ဖက်ဆုံးကတော့ BBQ Chicken Wings ပါပဲ။ ဒါကြောင့် ရိုးရိုးကြက်တောင်ပံကြော်ထက် ပိုအရသာရှိတာလေး လုပ်စားချင်သူတွေနဲ့ New Year ညကို ဖြတ်သန်းပြီး နှစ်သစ်ကို ကြိုဆိုမယ့်သူတွေအတွက် အမိုက်စား BBQ Chicken Wings လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

BBQ Chicken Wings လုပ်ဖို့အတွက် ပန်းကန်လုံးအကြီးထဲကို ဂျုံမှုန့် – ခွက်သေး တစ်ခွက်စာထည့်ပါ။ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုလည်း ထည့်ပြီးသမအောင်နယ်ပါ။

ကိုယ်လုပ်ချင်သလောက် Chicken Wings (ကြက်တောင်ပံ) တွေကို တစ်ခုချင်းစီယူပြီး ခုနကလုပ်ထားတဲ့ ဂျုံမှုန့်ပန်းကန်ထဲထည့်ကာ သမအောင်နယ်ပါ။

စတီးဗန်းမှာ ဆီစုပ်စာရွက်ခံပြီး ဆီ နည်းနည်းသုတ်ထားပါ။ ပြီးရင်တော့ Chicken Wings (ကြက်တောင်ပံ) တွေကို ဗန်းထဲ တန်းစီထည့်ပါ။ ပြီးတာနဲ့ မုန့်ဖုတ်စက်ထဲထည့်ပြီး အပူချိန်ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်၊ ၂၂၀ ဒီဂရီ စင်တီဂရိတ်နဲ့ထားပြီး ၄၅ မိနစ် ထည့်ထားပါ။

အချိန်ပြည့်လို့ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ နောက်ထပ်ပန်းကန်လုံးအကြီးထဲကို BBQ ဆော့စ် – ပန်းကန်လုံးအသေး တစ်ခွက်စာထည့်ပါ။ ပျားရည်ကိုလည်း ပန်းကန်လုံးအသေး ခွက်တစ်ဝက်စာထည့်ပြီး မွှေပါ။ မွှေပြီးရင် ခုနကဖုတ်ထားတဲ့ ကြက်တောင်ပံတွေကို ထည့်နယ်ပါ။

နယ်ပြီးရင် ဗန်းထဲပြန်ထည့်ပြီး မုန့်ဖုတ်စက်ထဲထည့်ရမှာပါ။ အပူချိန်ကိုတော့ ၅၀၀ ဒီဂရီဖာရင်ဟိုက်၊ ၂၆၀ ဒီဂရီ စင်တီဂရိတ်နဲ့ထားပြီး ၁၀ မိနစ် ထည့်ထားပါ။

အချိန်ပြည့်ရင်တော့ ပန်းထဲထည့်ပြီး စားသုံးလို့ရပါပြီ။ ဒါဆိုရင်တော့ New Year ညအတွက် အမိုက်စား BBQ Chicken Wings ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com