အားလုံးပဲ မင်္ဂလာပါ။ အသီးမှာ သရက်၊ အသားမှာ ဝက်ဆိုသလို အသားထဲမှာ အရသာအရှိဆုံးက ဝက်သားဖြစ်တယ်လို့ ရှေးလူကြီးတွေ ဆိုခဲ့ကြပါတယ်။ ဒီလိုမျိုး အရသာအရှိဆုံး၊ စားလို့အကောင်းဆုံး ဝက်သားကို ပျားရည်အရသာပါဝင်တဲ့ ဝက်သားကင်ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

အချိန်တိုအတွင်းမှာ ပြုလုပ်နိုင်ပြီး ပြင်ဆင်ချက်ပြုတ်ရတာလည်း ရိုးရှင်းလှတဲ့အတွက်ကြောင့် MyFood Myanmar က Foodies လေးတွေအားလုံး အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးဆော့ ပန်းကန်လုံးတစ်လုံးစာ

  • ပျားရည် ပန်းကန်လုံး သုံးပုံတစ်ပုံခန့်
  • ပဲငံပြာရည် ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • ကြက်သွန်ဖြူ ၂ မွှာ (ပါးပါးလှီးထားပါ)

  • ဝက်သား တစ်ပေါင်ခွဲခန့်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ခရမ်းချဉ်သီးဆော့၊ ပျားရည်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူတို့ကို အခုလိုပဲ ရောမွှေပေးလိုက်ပါ။ ဒုတိယအဆင့်အနေနဲ့ ဝက်သားတုံးများကို ဆား၊ ငရုတ်ကောင်းနဲ့ ငရုတ်သီးမှုန့်တို့နဲ့ ရောနယ်ပေးလိုက်ပါ။ ခုနက ပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးဆော့အနှစ်များကို စုတ်တံလေးနဲ့ ဝက်သားတုံးပေါ် သုတ်လိမ်းပေးလိုက်ပါ။

ကင်မယ့်မီးဖိုကို အလယ်အလတ်အပူပေးကာ အသားကင်ရမယ့်အပြားကို ဆီသုတ်လိမ်းထားပါ။ ဝက်သားတုံးများကို အသားကင်ပြားပေါ်သို့တင်ပြီး စကင်ပေးလို့ရပါပြီ။ ၅ မိနစ်ခြားတစ်ခါစီ အသားတုံးတစ်ဖက်တစ်ချက်စီကို စုတ်တံနဲ့ ခရမ်းချဉ်သီးဆော့များ သုတ်လိမ်းပေးပါ။ အသားများ ကျက်တဲ့အချိန်အထိ ငါးမိနစ်ခြားတစ်ခါစီပြုလုပ်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာထူးကဲကောင်းမွန်လှတဲ့ ပျားရည်အရသာပါဝင်သော ဝက်သားကင်လေးကို သုံးဆောင်လို့ရသွားပါပြီ။

Source: blogchef.net