အားလုံးပဲ မင်္ဂလာပါ။ Appetizer အနေနဲ့ စားသုံးနိုင်တဲ့ ပျားရည်ဆမ်း ဝက်သားလုံးကြော်လေးက ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် လျှာလည်သွားစေမယ့် အစားအစာတစ်ခုဖြစ်ပါတယ်။ ထိုအစားအစာကို မိမိအိမ်မှာ အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဖွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ပြီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ Oven ထဲ ထည့်မယ့် လင်ဗန်းကို ခဲဖတ် ခံထားပါ။ ထို့နောက် ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ နုပ်နုပ်စဉ်းထားသော (သို့) အသားကြိတ်စက်ဖြင့် ကြိတ်ထားသော ဝက်သားကို ပန်းကန်လုံးအကြီးထဲသု့ိ ထည့်ပါ။ ထို့နောက် ကြက်ဥ၊ ပေါင်မုန့်အကြေအစများ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ ၁ မြွှာ (ဓားပြားရိုက်ထားသည်ကို ပါးပါးလှီးပါ)၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ပါ။

၃။ ထို့နောက် ဝက်သားအနည်းငယ်ကို ဝက်သားလုံးများဖြစ်သွားအောင် လုံးပေးလိုက်ပါ။ ထို့နောက် လင်ဗန်းပေါ် တင်ထားလိုက်ပါ။

၄။ ပြီးရင်တော့ ကြိုတင်အပူပေးထားသော Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အပူပေးလိုက်ပါ။

၅။ ဝက်သားလုံးကို ကျက်အောင် အပူပေးနေစဉ်မှာ ပျားရည်ဆော့စ် ပြုလုပ်ရပါမယ်။

ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ကာ အရည်ဖျော်လိုက်ပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၃ မြွှာ ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

Ketchup ၊ ပျားရည်နှင့် ပဲငံပြာရည်တို့ထည့်ကာ ၁ မိနစ်ခန့် အဆက်မပြတ်မွှေပါ။ (အစပ်အရသာ လိုချင်ပါက ငရုတ်နှစ် အနည်းငယ်ထည့်ပါ။)

၆။ ဝက်သားလုံးများ ကျက်သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲထည့်ပါ။ ထို့နောက် ပျားရည်ဆော့စ်များ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည်ဆမ်း ဝက်သားလုံးကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com