ကြက်ကင်ကို ထိုင်းစတိုင်လ်လေး ကင်စား ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နှင့် နောက်ထပ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုရာ အခွံ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုရာ အရည် စားပွဲတင်ဇွန်း ၃ ဇွန်း ( သံပုရာသီး ၂ လုံးစာ)

  • ကြက်သွန်ဖြူ ၄ လုံး (အခွံခွာပြီး တောက်တောက်စဉ်းထားပါ)
  • ဂျင်း ၁ လက်မခွဲ (အခွံခွာပြီး တောက်တောက်စဉ်းထားပါ)
  • Sriracha Hot Sauce စားပွဲတင်ဇွန်း ၁  ဇွန်း ခွဲ

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ၄ ပုံ ၁ပုံ
  • ကြက်ပေါင်သား အရိုးမပါ  ဂရမ် ၁ ထောင်ကျော်
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုရာသီး တစ်ခြမ်း လှီးထားပါ (အလှဆင်ရန်)

ပြုလုပ်နည်း

ဖျော်စက်ထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ဆီ၊ သံပုရာခွံ၊ သံပုရာရည်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ Siracha နှင့် ဆားတို့ကို ထည့်ပါ။


သေချာလေး ကြေအောင် မွှေပါ။ ခုနက အနှစ်ကို ခွက်တစ်ခွက်၏ တစ်ဝက်လောက်စာကို ပန်းကန်လုံးတစ်ခုထဲထည့်ထားပါ။ အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

ကြက်သား နှင့် ကျန်တဲ့ အနှစ်ကို Ziplock အိတ်ထဲထည့်ပြီး လေလုံအောင် ပိတ်ပါ။ အဲ့အိတ်ကို ပန်းကန်ထဲထည့်ပြီး ပန်းကန်ကို ရေခဲသေတ္တာထဲမှာ ၆ နာရီလောက် ထည့်ထားပါ။

ကြက်သားကို ပြန်ထုတ်လာပြီး အကင်ကင်မယ့်အတံမှာ ထိုးလိုက်ပါ။ မီး အလယ်အလတ်နှင့် ကင်ပါ။ အပေါက်ကနေ ဟင်းသီးဟင်းရွက်အဆီလေး သုတ်ပေးပါ။

အကင် ၁ ကင်ကို ကျက်အောင် ၁၅ မိနစ်လောက် ကင်ရလေ့ရှိပြီး ကျက်သွားရင် ခုနက ရေခဲသေတ္တာထဲက အနှစ်ကို နွေးအောင် လုပ်ပြီး အကင်ပေါ်မှာ စမ်းလိုက်ပါ။

အပေါ်ကနေ နံနံပင်လေး အုပ်၊ သံပုရာသီးလေး နှင့် အလှဆင်လိုက်ပါ။

ဒါဆိုရင် အနံ့အရသာ ပြည့်စုံတဲ့ ထိုင်းစတိုင်လ် ကြက်ကင်လေး ရပါပြီနော်။

ထိုင်းစတိုင်လ် ပျားရည်၊ သံပုရာ နှင့် ကြက်ကင် လုပ်စားရအောင်

Photos Credit: Onceupoonachef