အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်ပါဝင်တဲ့ ဆော်လမွန်ငါးက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် ပုံမှန်စားသုံးပေးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဆော်လမွန်ငါးကို အရသာရှိအောင် ဘယ်လိုလုပ်စားနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါသော ဆော်လမွန်ငါး ၉၀၀ ဂရမ်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုသီး ၃ လုံး (တစ်ဝက်စီ ထက်ခြမ်းခြမ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင်

  • ပျားရည် ၁၂၅ မီလီလီတာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပျားရည်၊ သံပုယိုရည်၊ ပဲငံပြာရည်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၂။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်မှာ ဆော်လမွန်ငါးထားထားပြီးနောက် စောစောကမွှေထားသော အနှစ်များကို ငါးပေါ်သို့ လောင်းချလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်ပါက Oven ထဲက ဖယ်ထုတ်လိုက်ပြီး စောစောကဆော့စ်အနှစ်များနဲ့ ထပ်သုတ်ပေးလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် ပြန်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ထားလိုက်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် သံပုယိုသီးတို့ထည့်ကာ မွှေပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ပန်းကန်ပြားပေါ်မှာ ဆော်လမွန်ငါး တင်ထားလိုက်ပါ။ စောစောကကြော်ထားသော ကြက်သွန်မြိတ်နှင့် သံပုယိုသီးတို့ကိုလည်း ပန်းကန်ပေါ်မှာ အစီအရီအလှဆင်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည်အရသာ ဆော်လမွန်ငါးဟင်းလေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com