ကြက်သားကို ထမင်းဖြူလေးနဲ့စားဖို့အတွက်ပဲဖြစ်ဖြစ်၊ ဒီတိုင်း အအေးလေးသောက်လိုက်၊ ဘီယာလေးသောက်လိုက်၊ ကြက်သားကြော်လေး စားလိုက်နဲ့ လုပ်ချင်ရင်ပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုစားကောင်းအောင် ကြက်သားကို ပျားရည်၊ ဆော့စ်၊ နှမ်းနဲ့ အရသာရှိရှိလေး ကြော်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးထဲကို ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းစာ ထည့်ပါ။ Apple cider vinegar – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ Chili ဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ထောင်းထားတဲ့ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ – ၁၂၀ မီလီလီတာတို့ကို သမသွားအောင် ရောမွှေပေးပါ။

သမအောင်မွှေပြီးရင် ပြောင်းကော်မှုန့် – စားပွဲတင်ဇွန်း တစ်ဝက်ကျော်လောက် ထည့်ပြီး ဆား – အနည်းငယ် ထည့်မွှေပါ။

နောက်ထပ်ပန်းကန်ထဲကို ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျင်းအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်မွှေပါ။ ရေခဲရေ – ၁၂၀ မီလီလီတာထည့်မွှေပြီး ဂျုံမှုန့် – ၁၁၀ ဂရမ် ထည့်မွှေပါ။

သေချာသမအောင်မွှေပြီးရင် ပြောင်းကော်မှုန့် – ၆၀ ဂရမ် ထည့်မွှေပါ။ Baking powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။

ကြက်သား – ၄၅၀ ဂရမ်ကို တစ်လက်မ အတုံးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူအမှုန့် – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်ပြီး သမအောင်နယ်ပါ။

အားလုံးပြီးပြီဆိုရင် နယ်ထားတဲ့ ကြက်သားတွေကို ခုနက ဂျုံမှုန့်တွေနဲ့နယ်ထားတဲ့ ပန်းကန်ထဲထည့်ပြီး သမအောင်မွှေပါ။

သေချာမွှေပြီးနယ်ပြီးရင် ကြက်သားတွေကို ဆီများများနဲ့ ဆီပူအိုးထဲ ထည့်ကြော်ပါမယ်။

ကြက်သားတွေရပြီဆိုရင် ခူးထုတ်ပြီး ဆီစစ်ထားပါ။

မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ပထမဆုံးလုပ်ထားတဲ့ ဆော့စ်တွေကို ထည့်ပြီး မွှေနေပေးပါ။

ပွက်ပွက်ဆူလာပြီဆိုရင် ခုနကကြော်ထားတဲ့ ကြက်သားတွေထည့်မွှေပါမယ်။

သမအောင်မွှေပြီးရင် နှမ်းများများဖြူးပြီး ထပ်မွှေပါ။

အားလုံးပြီးရင်တော့ ပန်းကန်ထဲခူးထုတ်ပြီး ကိုယ်ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Source: www.thecookingfoodie