(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပျားရည်ဆမ်းထားတဲ့ ပဲပြားကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၄၀၀ ဂရမ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ ၁ ဥ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)နှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

  • ပျားရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းနှင့် သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲအနည်းငယ်နှင့် ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ ၂၅၀ မီလီလီတာနှင့် ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားများကို ခြောက်သွေ့အောင် သုတ်ထားပြီးနောက် လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။ ထို့နောက် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ပဲပြားများထည့်ကြော်လိုက်ပါ။ ပဲပြားများ ရွှေညိုရောင်ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။

၂။ အဆင့် (၂) အနေနဲ့ ပျားရည်ဆော့စ်ပြုလုပ်ရပါမယ်။ ပန်းကန်လုံးတစ်လုံးထဲ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ မြေပဲအနည်းငယ်၊ ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးတောင့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ပန်းကန်လုံးထဲထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ထားလိုက်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပြီး အနံ့မွှေးလာအောင် ဆီသတ်ထားလိုက်ပါ။

အနံ့မွှေးလာပါက ပန်းကန်လုံးထဲကဆော့စ်များကို ဒယ်အိုးထဲ ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေ ၂၅၀ မီလီလီတာတို့ကို သမအောင် မွှေထားလိုက်ပါ။ ထို့နောက် ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။

ပြီးရင်တော့ ပဲပြားကြော်များကို ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ကြော်ပေးရပါမယ်။

မီးဖိုပေါ်က ချခါနီးကျမှ နှမ်းဆီနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ကြော်ပေးလိုက်ပါ။

ပြီးတာနဲ့ ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည်ဆမ်း ပဲပြားကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ပ်ားရည္ဆမ္းထားတဲ့ ပဲျပားေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ပဲျပား ၄၀၀ ဂရမ္
  • ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၄ ဇြန္း
  • ႏုပ္ႏုပ္စဥ္းထားေသာ ၾကက္သြန္နီ ၁ ဥ၊ ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ဂ်င္း လက္ဖက္ရည္ဇြန္း ၂ ဇြန္း
  • ငရုတ္သီးေတာင့္ ၂ ေတာင့္ (ပါးပါးလွီးထားပါ)ႏွင့္ ငရုတ္ႏွစ္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၄ ဇြန္း

  • ပ်ားရည္ လက္ဖက္ရည္ဇြန္း ၄ ဇြန္းႏွင့္ သၾကားညိဳ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • ႏွမ္းေစ့ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ေျမပဲအနည္းငယ္ႏွင့္ ၾကက္သြန္ၿမိတ္ ၃ ပင္ (ပါးပါးလွီးထားပါ)
  • ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
  • ေရ ၂၅၀ မီလီလီတာႏွင့္ ဟင္းသီးဟင္းရြက္ဆီ အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပဲျပားမ်ားကို ေျခာက္ေသြ႔ေအာင္ သုတ္ထားၿပီးေနာက္ ေလးေထာင့္အတံုးငယ္ တံုးထားလိုက္ပါ။ ထို႔ေနာက္ ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္တုိ႔ျဖင့္ သမေအာင္ နယ္ထားလိုက္ပါ။

ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ကာ ပဲျပားမ်ားထည့္ေၾကာ္လိုက္ပါ။ ပဲျပားမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ဆီစုပ္စကၠဴေပၚတင္ထားလိုက္ပါ။

၂။ အဆင့္ (၂) အေနနဲ႔ ပ်ားရည္ေဆာ့စ္ျပဳလုပ္ရပါမယ္။ ပန္းကန္လံုးတစ္လံုးထဲ ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ သၾကားညိဳ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ေရ စားပြဲတင္ဇြန္း ၄ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ေျမပဲအနည္းငယ္၊ ငရုတ္ႏွစ္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ငရုတ္သီးေတာင့္၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို ပန္းကန္လံုးထဲထည့္ၿပီး သမေအာင္ ေမႊထားလိုက္ပါ။

ဒယ္အိုးကို အပူေပးၿပီး ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ထည့္ထားလိုက္ပါ။ ဆီပူလာပါက ပါးပါးလွီးထားေသာ ဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ၾကက္သြန္နီ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ၾကက္သြန္ျဖဴ တိို႔ထည့္ၿပီး အနံ႔ေမႊးလာေအာင္ ဆီသတ္ထားလိုက္ပါ။

အနံ႔ေမႊးလာပါက ပန္းကန္လံုးထဲကေဆာ့စ္မ်ားကို ဒယ္အိုးထဲ ထည့္ကာ သမေအာင္ ေမႊေၾကာ္ေပးလိုက္ပါ။

၃။ ပန္းကန္လံုးတစ္လံုးထဲတြင္ ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ ေရ ၂၅၀ မီလီလီတာတို႔ကို သမေအာင္ ေမႊထားလိုက္ပါ။ ထို႔ေနာက္ ဒယ္အိုးထဲ ေလာင္းထည့္လိုက္ပါ။

ၿပီးရင္ေတာ့ ပဲျပားေၾကာ္မ်ားကို ၂ မိနစ္၊ ၃ မိနစ္ခန္႔ ထည့္ေၾကာ္ေပးရပါမယ္။

မီးဖိုေပၚက ခ်ခါနီးက်မွ ႏွမ္းဆီႏွင့္ ၾကက္သြန္ၿမိတ္တို႔ထည့္ကာ ေၾကာ္ေပးလိုက္ပါ။

ၿပီးတာနဲ႔ ပန္းကန္လံုးထဲ ေျပာင္းထည့္လိုက္ပါ။

ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ပ်ားရည္ဆမ္း ပဲျပားေၾကာ္ေလး ရရွိသြားပါၿပီ။

Source: Asianfoodnetwork.com