အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကလေး၊ လူကြီးအားလုံး ကြိုက်နှစ်သက်ကြတဲ့ ပျားရည်ဆမ်း အသားလုံးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား (သို့) ဝက်သား (သို့) ကြက်သား ၂ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး
  • အကြော်ခံပေါင်မုန့် ပန်းကန်လုံး ၁ လုံးစာ
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပျားရည်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း (သို့) ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်ဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၂ မြွှာ
  • အချောင်းလိုက် ပါးပါးလှီးထားသော မုန်လာဥနီ ၂ လုံး၊ နှမ်းစေ့နှင့် သံပုရာသီး ၂ စိပ် (အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော အသား၊ ကြက်ဥ၊ အကြော်ခံပေါင်မုန့်၊ ကြက်သွန်ဖြူ။ ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။

၂။ ထို့နောက် နယ်ထားသော အသားအရောအနှောကို စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ခပ်ယူပြီး လုံးပေးလိုက်ပါ။ ထိုအသားလုံးများကို ခဲဖတ်ခံထားသော လင်ဗန်းပေါ်တွင် အစီအရီ တင်ထားလိုက်ပါ။

၃။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် အပူပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပျားရည်ဆော့စ် ပြုလုပ်ရပါမယ်။ အိုးအသေးတစ်လုံးထဲတွင် ငရုတ်သီးဆော့စ်၊ ပျားရည်၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ နှမ်းဆီ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပါ။

၅။ သမအောင် မွှေပြီးနောက် ၁၀ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၆။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အသားလုံးကြော်များ ထည့်ထားလိုက်ပါ။ ထို့နောက် ပျားရည်ဆော့စ်များ လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ (အသားလုံးများ ကြေမွ မသွားအောင် ဂရုစိုက်ပေးရပါမယ်)

၇။ ဒါဆိုရင်တော့ ပျားရည်ဆမ်း အသားလုံးကြော်လေး ရရှိသွားပါပြီ။ ထမင်းပန်းကန်ထဲထည့်ကာ မုန်လာဥချောင်းလေးများ၊ သံပုရာသီးစပ်လေးများ၊ နှမ်းစေ့များ ဖြူးထည့်ကာ အလှဆင်ပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com