အားလုံးပဲ မင်္ဂလာပါ။ ဘာဘီကျူးအကင်များ ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ဟောင်ကောင်စတိုင်လ် ဘာဘီကျူး ဝက်သားကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၈၀၀ ဂရမ်
  • တရုတ် ဘာဘီကျူးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ရေ ၂၀ မီလီလီတာ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေနွေးပူ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်]

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဘာဘီကျူးဆော့စ်၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ရေ၊ ဟင်းချက်ယိုင်၊ ပျားရည်နှင့် ရေနွေးပူတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ဝက်သားတုံးများကို အလုံးပိတ်အိတ်ထဲ ထည့်ပါ။ စောစောက ဖျော်ထားသော ဆော့စ်များကို ဝက်သားပေါ် လောင်းထည့်ပြီးနောက် သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် အိတ်ကို အလုံပိတ်ပြီး ၄ နာရီ ခန့် (သို့) တစ်ည ကြာသည်အထိ နှပ်ထားပေးနိုင်ပါတယ်။

၃။ Oven ထဲ ထည့်မယ့် လင်ဗန်းကို ခဲဖတ်အုပ်ထားပါ။ ထိုခဲဖတ်ပေါ်တွင် နှပ်ထားသော ဝက်သားများ ထည့်လိုက်ပါ။ ထို့နောက် ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၁၅ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်အတိဖြစ်နေတဲ့ ဟောင်ကောင်စတိုင်လ် ဝက်သားကင်လေး ရရှိသွားပါပြီ။

အနေတော်အတုံးလေးများ လှီးဖြတ်ပြီးနောက် ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mrspskitchen.net